Unicode
လဲ့ရွှမ်နှင့် အခြားသူများ လမ်းမပေါ်တွင် လျှောက်လာစဉ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
"တစ်ခုခုဖြစ်နေတယ် သွားကြည့်ရအောင်" ကမ္ဘာကြီးဖရိုဖရဲ မဖြစ်မှာကို ကြောက်ရွံ့နေတဲ့ ရှောင်ရှောင်ဖန်က ဝမ်းသာအားရနဲ့ ချက်ချင်းပြောလိုက်လေသည်။
လဲ့ရွှမ်နှင့် အခြားသူများ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သဘောတူလိုက်ကြသည်။
ရှောင်ရှောင်တုန်နှင့် အခြားသူများသည် ထိုနေရာသို့ ပြေးသွားကာ သားရဲနှစ်ကောင် အချင်းချင်း တိုက်နေကြသည်ကို တွေ့လိုက်ရသည်။
"မင်းရော ဒီမှာပဲ! ဘာတွေဖြစ်နေတာလဲ?" ရှောင်ရှောင်ဖန်သည် စိတ်လှုပ်ရှားနေသော အိုးယန်ကျင်းယွဲ့ကို ကြည့်ရင်း စိတ်ဝင်တစား မေးလိုက်သည်။
"ဒါက သားရဲတွေ တိုက်ခိုက်နေတာ။ နှစ်ဖက်စလုံးက လောင်းကစားအတွက် ဝိညာဉ်သားရဲတစ်ကောင်ဆီကို လွှတ်လိုက်ကြတယ်။ တခြားသူတွေက လောင်းကြေးထပ်နိုင်တယ်။ ငါတို့ရဲ့ တိမ်တိုက်စိမ်းအမတဂိုဏ်းက သုံးပွဲဆက်တိုက် ရှုံးပြီးပြီ" အိုးယန်ကျင်းယွဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး "ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်သားရဲတွေက တကယ်တော်ကြပါတယ်!"
ရှောင်ရှောင်ဖန်ရဲ့စကားထွက်လာသည်နှင့်တပြိုင်နက် သူ့ပတ်ဝန်းကျင်ကလူတွေက ရှောင်ရှောင်ဖန်ဘက်ကို လှမ်းကြည့်လာကြသည်။ ရှောင်ရှောင်တုန်က ခေါင်းကိုက်သွားခဲ့သည်။ ၎င်းက အမှန်ဆိုရင်တောင် ပြောစရာမလိုပါချေ။ ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ!
"လျှောက်မပြောနဲ့" ရှောင်ရှောင်တုန်က ပြောသည်။
ကျားသစ်နှင့် ကျားနတ်ဆိုးတကောင်ကြားက တိုက်ပွဲသည် တဖြည်းဖြည်း ပြီးဆုံးသွားသည်။ ကျားနတ်ဆိုး၏ တိုက်ခိုက်မှုကြောင့် ကျားသစ်၏ အခြေအနေမှာ အနည်းငယ် မရေမရာဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ကျားသစ်က လဲကျသွားခဲ့သည်။
ကျားနတ်ဆိုးသည် ကွင်းထဲတွင် ဂုဏ်ယူစွာဖြင့် လျှောက်သွားခဲ့သည်။ ကျားသစ်၏ဝမ်းဗိုက်သည် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သူ၏ဝမ်းတွင်းကို ထင်ရှားစေသည်။

ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...