Chapter 162: Rock Symbol

548 101 1
                                    

Unicode

"စီနီယာလျိုက မြစ်ကိုဖြတ်မှာလား?" ချန်ရွှိက မေးသည်။

"ဟုတ်တယ်။ ချန်သခင်လေး ဝင်ရောက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့အဘိုး ရှာပေးထားတဲ့ လူတွေနဲ့ ဘာလို့ အတူမရှိနေတာလဲ?"လျိုကျင့်ရုန်က မေးသည်။

လျိုကျင့်ရုန်သည် ချန်ရွှိကိုကြည့်ကာ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ချန်သခင်လေးသည် အမှန်တကယ်ပင် ရှောင်ရှောင်တုန်နှင့်အတူရှိခဲ့သည်။ ရှောင်ရှောင်တုန်က သူ့ကို ကယ်ခဲ့တာဆိုရင် ကောင်းပေမယ့် ဤသခင်ငယ်လေးသာ တစ်ခုခုဖြစ်ခဲ့ရင် ရှောင်ရှောင်တုန်လည်း သူတို့ရဲ့ ဆက်ဆံရေးကြောင့် လွတ်မြောက်နိုင်မှာ မဟုတ်ပါချေ။ သူတို့ရဲ့ တိမ်တိုက်စိမ်းအမတဂိုဏ်းနဲ့လည်း ဆက်နွယ်နေလိမ့်မည်ဖြစ်သည်။ လျိုကျင့်ရုန်သည် သူ့နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေသည်။

ချန်ရွှိက ခေါင်းငုံ့ပြီး "အဘိုးပေးခဲ့တဲ့ စိတ်ဝိညာဉ်ပုတီးစေ့ကို ငါဆုံးရှုံးခဲ့တယ်" ဟုပြောလိုက်သည်။

လျိုကျင့်ရုန်က အံ့အားသင့်စွာပြုံးပြီး "ချန်သခင်လေး မင်းက ဂရုမစိုက်တတ်ဘူးပဲ။ မင်းက ဖန်ရှင်းပန်းအတွက် လာခဲ့တာလား? ငါတို့ဘာလို့ အတူတူမသွားကြတာလဲ?"

ချန်ရွှိက ရှောင်ရှောင်တုန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ "ကောင်းပြီ!"

"ဒါဆိုရင် ခဏလောက်စောင့်ပါ ချန်သခင်လေး။ မြစ်ကို အတူတူဖြတ်ကူးဖို့ တခြားသူတွေကို ငါတို့စောင့်ရမယ်"

ချန်ရွှိက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုဆိုသည်။

ချန်ရွှိက ဘေးက အတွေးနက်နေတဲ့ ရှောင်ရှောင်တုန်ကိုကြည့်ပြီး "ဘာကိစ္စရှိလို့လဲ?"

ရှောင်ရှောင်တုန်က ပြုံးပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ အလောင်းတစ်ထောင်ဂိုဏ်းကလူတွေအတွက် အလောင်းတစ်လောင်းရှာဖို့ တကယ်လွယ်တာပဲလို့ ငါတွေးနေမိတာ" အလောင်းတစ်ထောင်ဂိုဏ်း၏ သန့်စင်ထားသော အလောင်းများသည် ၎င်းတို့၏ မူလကျင့်ကြံဆင့်ကို ဆက်လက်ထိန်းသိမ်းထားပုံရပြီး မှော်လက်နက်များကိုလည်း အသုံးပြုနိုင်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now