Unicode
ရှောင်ကျင့်ထျင်၏ အရည်အသွေးသည် ရွှီမုရန်ထက် အနည်းငယ်ညံ့ဖျင်းသောကြောင့် ရှောင်ကျင့်ထျင်သည် အုတ်မြစ်ချအဆင့်သို့ တက်လှမ်းရန် အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးသုံးခုကို အသုံးပြုခဲ့ရသည်။
ရှောင်ကျင့်ထျင်သည် နောက်ဆုံးတွင် အမတဂိုဏ်းက အရည်အသွေးကို ဘာကြောင့်အလွန်အလေးထားမှန်း နားလည်လာခဲ့သည်။ အမတဂိုဏ်းတွင် အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံး အနည်းငယ်ရှိသော်လည်း ဆေးတစ်လုံးတည်းဖြင့် အုတ်မြစ်ချအဆင့်ကိုတတ်ခြင်းက သုံးလုံးကိုသုံးခြင်းထက် ပိုကောင်းသေးသည်။
“မင်းအောင်မြင်သွားပြီလား” ရွှီမုရန်သည် ရှောင်ကျင့်ထျင်ကိုကြည့်ကာ မေးလိုက်သည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “အင်း!”
အရင်းအနှီးအလုံအလောက်နဲ့ အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးတွေ အလုံအလောက်ရှိနေသရွေ့ အုတ်မြစ်ချအဆင့်ထိ ချိုးဖျက်ဖို့ဆိုတာ သိပ်ခက်ခဲမှာမဟုတ်ပေ။ သူအုတ်မြစ်ချအဆင့်ကို ရောက်နေပြီဖြစ်လို့ ယခုစဉ်းစားစရာမှာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် နည်းလမ်းသာဖြစ်သည်။
ရွှီမုရန်က ရှောင်ကျင့်ထျင်အတွက် ရေတစ်ခွက်ကိုပေးလိုက်ပြီး “အခု မင်းရဲ့ အစီအစဉ်ကဘာလဲ?”
“ဖေမိသားစုကိစ္စကို အရင်ရှင်းရအောင်” ရှောင်ကျင့်ထျင်က ပြောသည်။
ရှောင်ကျင့်ထျင်သည် အခြားသူများကိုကူညီရခြင်းအား မကြိုက်ပေ။ သို့သော် ယေဘူယျအားဖြင့်ပြောရလျှင် ရှောင်မိသားစုသည် ဖေမိသားစု၏ ဖေစုန့်ကိုသတ်သောကြောင့် ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ ရှောင်ကျင့်ထျင်က သူသည် မြေရိုင်းတိုက်ကြီးမှ မထွက်ခွာမီ ဖေမိသားစုအရေးကို ဖြေရှင်းရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။
“ဖေမိသားစုရဲ့အိမ်တော်သခင်က အသက် ၁၀၀ ကျော်ရှိပြီး အုတ်မြစ်ချအဆင့်မှာရှိနေခဲ့တာ ဆယ်စုနှစ်များစွာကြာပြီ။ သူ့ရဲ့ ကျင့်ကြံဆင့်က ငါတို့ထက် ပိုတည်ငြိမ်လောက်တယ်” ဟု ရွှီမုရန်ကပြောသည်။

ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...