Unicode
ကျိုးမိသားစု။
စွင်းမြောင်ယင်က မျက်မှောင်ကြုတ်ပြီး မှုန်ကုပ်ကုပ်ဖြင့် " မြောင်မြောင်... ဒီလိုမျိုး သူဘယ်လိုလုပ်လိုက်တာလဲ? "
ငွေနှစ်ထောင်ပဲရှိတယ်။ ငွေနှစ်ထောင်အတွက်ကြောင့် စွင်းမိသားစု၏မျက်နှာနှင့် ရှောင်မုဟုန်၏ထောက်ခံမှုကို ဆုံးရှုံးလိုက်ရခြင်းသည် မထိုက်တန်ပေ။ ဆုံးရှုံးမှုက အမြတ်ထက် အဆမတန်ဘဲ...!! ထို့အပြင် ရှောင်ကျင့်ထျင်သည် သူမအားလျစ်လျူရှုခဲ့ပြီး စွင်းမြောင်မြောင်သည် ယခုတစ်ကြိမ်တွင် မျက်နှာပျက်သွားခဲ့သည်။
" တကယ်တော့ သခင်မလေးမြောင်မြောင်ကို ဒီကိစ္စက အပြစ်တင်လို့မရပါဘူး။ ရှောင်မုဟုန်က ဒီလောက်အထိသတ္တိမရှိရင် သခင်မလေးမြောင်မြောင်ဒီလိုမျိုးဖြစ်မှာ မဟုတ်ဘူး။ " ဟု စွင်းမြောင်ယင်၏ အစေခံကပြောသည်။
စွင်းမြောင်ယင်၏မျက်နှာမှာ နစ်မြုပ်သွားခဲ့ပြီး ရှောင်မုဟုန်သည် ယခင်က သတ္တိမရှိသော်လည်း မကြာသေးမီက...
ရှောင်လင်ဖုန်းနှင့် ဝမ်လု အသက်ရှင်နေသေးသည်နှင့်အမျှ အခြေအနေသည် လုံးဝပြောင်းလဲသွားခဲ့ပြီး ရှောင်မုဟုန်သည် ခေါင်းမထောင်ဝံ့တော့ပေ။
" မြောင်မြောင်က ဒီရက်ပိုင်း ပိုက်ဆံတွေကျပ်တည်းနေတာလား? " စွင်းမြောင်ယင်က မေးသည်။
" ကျွန်မအဲ့ဒီလိုထင်ပါတယ်။ သခင်မလေးမြောင်မြောင်က အမြဲလိုလို ငွေအမြောက်အမြားသုံးစွဲလေ့ရှိတယ်။ ဒါ့အပြင် ကျင့်ကြံစရိတ်ကလည်း များစွာကုန်ကျနိုင်တယ်။ "
စွင်းမြောင်ယင်က သက်ပြင်းတစ်ချက် ချလိုက်သည်- ကျင့်ကြံခြင်းသည် အောက်ခြေမရှိသော တွင်းတစ်ခုဖြစ်တယ်!
" မကြာသေးခင်က ရှောင်ကျင့်ထျင်က အရမ်းအဆင်ပြေနေပုံရတယ်။ ဒုတိယသခင်မလေးက ဈေးဝယ်ထွက်တဲ့အချိန်မှာ ရှောင်ကျင့်ထျင်နဲ့ တွေ့ခဲ့တယ်။ ရှောင်ကျင့်ထျင်က ရွှီမုရန်အတွက် ငွေတစ်သောင်းနီးပါးရှိတဲ့ သိုလှောင်လက်ကောက်တစ်ကွင်းကို ဝယ်ယူခဲ့ပါတယ်။ " လို့ အစေခံက ခါးသီးစွာပြောသည်။
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...