Chapter 14: Gambling debt

6.9K 1K 30
                                    

Unicode

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်! " အပေါင်ဆိုင်ပိုင်ရှင်ထံ ငွေအမြောက်အမြားအကြွေးတင်လို့မဖြစ်​ပေ .... အဆိုပါ **** လက်မှတ်ကိုလည်း ပြန်​ရွေးယူရမည်။

" အဖေ၊ လူတွေကို ပိုက်ဆံအ​ကြွေးတင်တာ မ​ကောင်းဘူး " ရှောင်​ရှောင်ဖန်သည် အလွန်ဥာဏ်ကောင်းသူမဟုတ်ပေမယ့်  သူသည် ပိုက်ဆံအကြွေးတင်နေကြောင်းကို သူနားလည်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ လူတွေကို ပိုက်ဆံအကြွေးတင်တာ မကောင်းဘူး၊ ဒါကြောင့် အဖေ၊ အကြွေးပြန်ဆပ်ဖို့ နည်းလမ်းရှာနေတယ် "

" အဖေ၊ အကြွေးကို ဘယ်လိုဆပ်မှာလဲ? " ရှောင်​ရှောင်ဖန်က စိတ်ဝင်တစား မေးသည်။

" စိုက်ခင်းမှာလယ်လုပ်၊ အမဲလိုက်ပြီး​တော့ ကြိုးစားအားထုတ်ရမယ်၊ အချိန်ခဏကြာပြီးရင်​တော့ အ​ကြွေး​ကျေပါလိမ့်မယ် ... "
ရှောင်ကျင့်ထျင်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်၏။

ရှောင်​ရှောင်ဖန်က ခေါင်းညိတ်ပြပြီး ရှောင်ကျင့်ထျင်ကို လက်သီးလေးဆုပ်ပြီး မြှောက်ပြကာ " အဖေ၊ မကြာခင် ဆပ်နိုင်တော့မှာပါ "

ရှောင်​ရှောင်တုန်သည် သူဘာတွေတွေးနေမှန်းမသိဘဲ မျက်လုံးလှိမ့်လိုက်သည်။

ရှောင်ကျင့်ထျင်သည် လယ်ကွင်းအစွန်းသို့ လျှောက်သွားပြီး မိုးရွာသည့်လှည့်ကွက်ကို အသုံးပြုလိုက်သည်။ စပျစ်သီးကို စိုက်ခဲ့​သောအချိန်က နေရာလွတ်ရှိ စမ်း​ရေသည် ဝိညာဉ်ရေးရာအပင်၏ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ကြောင်း ရှောင်ကျင့်ထျင် တွေ့ရှိခဲ့သည်။ ထို့ကြောင့် မိုးရွာသည့်လှည့်ကွက်ကို ပြုလုပ်လိုက်သောအခါ ရှောင်ကျင့်ထျင်သည် နေရာလွတ်ထဲမှ ဆွဲထုတ်လိုက်သော ဝိညာဉ်ရေတစ်စိတ်တစ်ပိုင်းကို ဝိညာဉ်မိုးရေထဲသို့ ပေါင်းထည့်လိုက်သည်။

ရှောင်​ရှောင်တုန်က ရှောင်ကျင့်ထျင်၏ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် ကြည့်လိုက်မိသည်။ ထိုဝိညာဉ်ရေးရာနည်းပရိယာယ်များနှင့် ပြုစုပျိုးထောင်ရန်အသုံးပြုသော စာအုပ်များအားလုံးကို မိသားစုအစဥ်အဆက် လွှဲပြောင်းပေးခဲ့ကြသည်။ ရှောင်​ရှောင်တုန်သည် ရှောင်မိသားစု၏ နည်းဗျူဟာများကို သင်ယူခွင့်ရှိသည်။ သို့သော် သူသည် ငယ်လွန်းပြီး အဆက်အသွယ်ရရန် နည်းပါးနေ​သေးသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora