Chapter 143: Suppress Fire Poison

1.4K 180 5
                                    

Unicode

"စီနီယာအစ်မ စီနီယာမု အဆင်ပြေရဲ့လား?" ရှောင်ကျင့်ထျင်က ထိတ်လန့်စွာ မေးလိုက်သည်။

ဒီမုယွင်က သူ့ရဲ့ ရောဂါထဖောက်ဖို့ မြောက်ပိုင်းဆေးဝိညာဉ်ဥယျာဉ်ကို တမင်ရွေးချယ်ခဲ့တာ မဟုတ်ဘူးမလား? သူ ဤကဲ့သို့ ထပ်ခါထပ်ခါ ပြန်ဖြစ်ပါက မြောက်ပိုင်းဆေးဝိညာဥ်ဥယျာဉ်ရှိ မရေမတွက်နိုင်သော ဝိညာဉ်အပင်များ ပျက်စီးသွားပေလိမ့်မည်။ ချိုးယွင်က ဒါကိုသိရင် မုယွင်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ပေ။

ရှဲ့ဝမ်ရမ်က ရှောင်ကျင့်ထျင်ကို ကြည့်ပြီး ရှက်ရွံ့စွာပြောသည်။ "မီးအဆိပ်ကို နှိမ်နင်းဖို့ နည်းလမ်းအနည်းငယ်ပဲ ရှိတယ်၊ ဆေးဝိညာဉ်ဂိုဏ်းမှာ အနှစ် တစ်သောင်းသက်တမ်းရှိတဲ့ ရေခဲလှိုဏ်ဂူတစ်ခုရှိတယ်၊ အဲဒီနေရာမှာ မီးအဆိပ်ကို နှိမ်နင်းနိုင်ပေမယ့် ဒီမှာကျတော့..."

ရှောင်ကျင့်ထျင်က ရှဲ့ဝမ်ရမ်ကို ကြည့်လိုက်ပြီး "ဒါဆို အမြန် သူ့ကို ပြန်ခေါ်သွားပါ" တိမ်တိုက်စိမ်းအမတဂိုဏ်းတွင် အနှစ်တစ်သောင်းသက်တမ်းရှိသော အေးခဲလှသည့် ရေခဲလှိုဏ်ဂူ မရှိပါ။

ရှဲ့ဝမ်ရမ်သည် မုယွင်ကိုကြည့်ကာ စိတ်ပူပန်စွာပြောသည်။ "ဒါပေမယ့် ဒီလိုအချိန်မှာ ဆရာဦးလေးက ဒီနေရာကနေ မထနိုင်ဘူးထင်တယ်!"

ရှောင်ကျင့်ထျင်သည် လောင်ကျွမ်းနေသော မုယွင်ကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။ မုယွင်သည် မီးကိုယ်ထည်ဖြစ်နေပြီး သူ့ကို ရွှေ့ရန်မှာ ခက်ခဲပေလိမ့်မည်။ သူ၏တစ်ကိုယ်လုံး မီးတောက်များဖြင့် ဖုံးလွှမ်းနေပေ၏။ ထို့ကြောင့် လူတိုင်းက သူ့အနားကို ကပ်ရမှာကို ကြောက်နေကြသည်။

ရှောင်ကျင့်ထျင်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ဆေးတစ်လုံးကို ထုတ်ယူကာ မုယွင်ကို ပစ်ပေးလိုက်သည်။

"စီနီယာမု ဒီဆေးလုံးကို သောက်ပြီး အာနိသင်ရှိမရှိ စမ်းကြည့်လိုက်ပါ"

ရှဲ့ဝမ်ရမ်က ရှောင်ကျင့်ထျင်ကိုကြည့်ပြီး "ဒါက ဘယ်လိုဆေးမျိုးလဲ?"

ရှောင်ကျင့်ထျင်က အေးဆေးတည်ငြိမ်စွာ ဟန်ဆောင်ပြီး "မီးအဆိပ်ကို နှိမ်နင်းဖို့ သုံးလို့ရတယ်၊ မှောင်ခိုဈေးကွက်မှာ ကျုပ်တွေ့ခဲ့တာ။ စီနီယာရဲ့ လက်ရှိအခြေအနေအရ *ငါမြင်းသေတစ်ကောင်ကို အသက်ရှင်နေတဲ့မြင်းတစ်ကောင်လို ဆက်ဆံရုံပဲတတ်နိုင်တယ်"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora