Chapter 124 : Defeat

1.1K 189 1
                                    

Unicode

လဲ့ရွှမ်သည် မှင်သက်နေသော ရှောင်ရှောင်ဖန်ကို ဆွဲထုတ်သွားသည်။ တုန်လှုပ်ချောက်ချားမှုကို ခံစားခဲ့ရတဲ့ ရှောင်ရှောင်ဖန်ဟာ လဲ့ရွှမ်ရဲ့နောက်ကို နာခံစွာဖြင့် လိုက်သွားခဲ့လေသည်။

"မင်းရဲ့ဆရာသခင်၊ သူက မင်းကို ထူးဆန်းတာတစ်ခုခုလုပ်ခဲ့တာလား?" လဲ့ရွှမ်က ပြာနှမ်းနေသော ရှောင်ရှောင်ဖန်ကို ကြည့်ရင်း မေးသည်။

ရှောင်ရှောင်ဖန်က ခေါင်းကုတ်လိုက်ပြီး "မသိဘူး! ဆရာက ထူးထူးဆန်းဆန်း စကားတွေပြောတယ်"

"သူဘာပြောခဲ့တာလဲ?" လဲ့ရွှမ်က မေးသည်။

"ချစ်တပည့်လေး.. ငါမလုပ်ချင်ပေမယ့် လုပ်မှရမယ်။ မင်းက အရမ်းလိမ္မာပါတယ်။ မင်းငါ့ကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိလိမ့်မယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မင်းက ကျင့်ကြံရတာကို မကြိုက်ဘူးလေ။ ဒါကြောင့် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာက တကယ့်ကို အလကားပဲ။ သူတောင်းစားလေး! မင်းမှာ ဒီလောက်ကောင်းတဲ့ အရည်အချင်းတွေ ရှိပေမယ့် မင်းရဲ့အချိန်တွေကို ဖြုန်းတီးပြီး ငါ့ကို တစ်နှစ်လောက် စောင့်ခိုင်းခဲ့တယ်"

"ငါ့ကျေးဇူးနဲ့ မင်းဒီဘဝမှာ ကျင့်ကြံဖို့ မလိုတော့ဘူး။ မင်းကျင့်ကြံရတာကို အမုန်းဆုံးပဲမဟုတ်လား? အခုကစပြီး ပျော်ရွှင်စေရမယ်"

ရှောင်ရှောင်ဖန်က တိုးတိုးလေး ဆက်ပြောလိုက်သည်။
"အနာဂတ်မှာ ငါ သေချာပေါက် ကောင်းကောင်း ကျင့်ကြံမှာပါ"

လဲ့ရွှမ်က ရှောင်ရှောင်ဖန်ရဲ့ ပခုံးကို ပုတ်ပြီး "ဟုတ်ပါပြီ။ မင်းဒီလိုလုပ်မှာ သေချာပါတယ်။ ဒါဆို မင်းရဲ့ဆရာသခင်က နောက်ပိုင်းဘာဖြစ်သွားတာလဲ?"

"ပြီးတော့ ဆရာက ငါ့ခေါင်းထဲကို ဝင်လာတယ်" ရှောင်ရှောင်ဖန်က ပြောသည် ။

လဲ့ရွှမ်သည် ခဏလောက် ထိတ်လန့်သွားကာ ပိုင်လီကျန်းသည် ရှောင်ဖန်၏ ခန္ဓာကိုယ်ကို အမှန်တကယ် သိမ်းပိုက်ရန် ကြိုးစားခဲ့ပြီး အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်ကို သဘောပေါက်လိုက်သည်။ ပိုင်လီကျန်းသည် ဆယ်နှစ်လောက် ခန္ဓာကိုယ်သိမ်းပိုက်ရန် ပြင်ဆင်နေခဲ့သောကြောင့် ကျရှုံးရန် မမျှော်လင့်ထားခဲ့ပေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now