Chapter 93: The Mighty Xiaofan

4.2K 556 21
                                    

Unicode

ကျောက်လောင်းကစားဆိုင်။

" ကျင်းယွဲ့  ...... ကျောက်လောင်းကစားလုပ်ရတာနဲ့ ပတ်သတ်ပြီး ဘာပျော်စရာကောင်းလို့လဲ? ဒီနားမှာကုန်သည်အိမ်ကြီးတစ်ခုရှိတယ်။ မင်းကြိုက်တာဝယ်လို့ရတယ်။ " အိုးယန်ကျင်းက ခြောက်နှစ်အရွယ် မိန်းကလေးကို ပြောလိုက်သည်။

အိုးယန်ကျင်းယွဲ့က မယုံနိုင်လောက်အောင် ခေါင်းခါလိုက်ပြီး " ကုန်သည်အိမ်ကြီးမှာ ဈေးဝယ်ရတာ ဘာကောင်းလို့လဲ။ ငါ့မှာအရာအားလုံးရှိတယ်။ ဒါကြောင့် ဈေးဝယ်ရတာ ဘယ်လောက်ငြီးငွေ့စရာကောင်းတယ်ဆိုတာ မင်းနားလည်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျောက်တုံးလောင်းကစားက တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ တစ်ချက်ဖြတ်လိုက်ရုံနဲ့ ဆင်းရဲသွားမယ် ဒါမှမဟုတ် ချမ်းသာလာမယ်! အစ်မအိုးယန်.. ဟိုးအရင်တုန်းက ကျောက်လောင်းကစားဆိုင်က​နေ လူတစ်ယောက်က အရည်အသွေးညံ့တဲ့ ကျောက်တစ်တုံးကိုဝယ်ဖို့ ငွေနှစ်ထောင်သုံးပြီး ရလဒ်အနေနဲ့ အရည်အသွေးကောင်းတဲ့ ဝိညာဉ်ပုလဲတစ်ခုကိုရခဲ့ပြီး ငွေနှစ်သိန်းကျော်နဲ့ ပြန်ရောင်းချခဲ့တယ်တဲ့! ကြားဖူးတယ်မလား? "

အိုးယန်ကျင်းက ခေါင်းညိတ်ပြပြီး မကျေမနပ်ပြုံးကာ
" ငါကြားဖူးပါတယ်။ "

ကျောက်လောင်းကစားကြောင့် နေ့ချင်းညချင်း ချမ်းသာလာသော ကံကောင်းသူအချို့ရှိကြသော်လည်း ၎င်းကြောင့် နေ့ချင်းညချင်း ဆုံးရှုံးသွားသူများလည်း ရှိသေးသည်။

အိုးယန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။ အိုးယန်ကျင်းယွဲ့သည် ငယ်ရွယ်သော်လည်း သူမသည် အိုးယန်မိသားစု၏ တရားဝင်သမီးဖြစ်သည်။ အိမ်တော်အကြီးအကဲက အသက်ကြီးနေပြီဖြစ်ပြီး သူမကိုအလွန်အလိုလိုက်ထား၏။ အိုးယန်ကျင်းယွဲ့ ပီဖုန်းမြို့သို့ရောက်ပြီးနောက် အိုးယန်ကျင်းသည် သူမနှင့် နီးကပ်လာခဲ့သည်။ အိုးယန်ကျင်းယွဲ့သည် ငယ်ရွယ်ကာ ဒေါသကြီးပြီး ပေါင်းသင်းရန် အလွန်ခက်ခဲသောကြောင့် အိုးယန်ကျင်းအတွက် ပြဿနာဖြစ်စေသည်။

" ကျင်းယွဲ့ မင်းက ငယ်သေးတယ်။ ကျောက်လောင်းကစားကို နှစ်အနည်းငယ်ကြာတဲ့အထိ မေ့ထားသင့်တယ်။ " အိုးယန်ကျင်း အနည်းငယ် ခေါင်းကိုက်နေသည်။ သူ၏ချစ်သမီးကို လောင်းကစားဆိုင်သို့ ခေါ်ဆောင်သွားကြောင်း မြို့သခင် သိပါက အလွန်ဒေါသဖြစ်ပေလိမ့်မည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora