Chapter 96: Sell ​​Elixir

3K 407 4
                                    

Unicode

“ဆေးရောင်းတယ်....ဆေးရောင်းတယ်” ရှောင်ရှောင်ဖန်က သူ့အသံ အမြင့်ဆုံးဖြင့် အော်နေလေသည်။

ရှောင်ရှောင်တုန်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်နေသည့် ရှောင်ရှောင်ဖန်၏ဘေးတွင်ရပ်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

“အစ်ကို မင်း ဘာလို့မအော်တာလဲ။ မအော်ရင် ဘယ်သူမှ လာဝယ်မှာ မဟုတ်ဘူးနော်” ရှောင်ရှောင်ဖန်သည် ရှောင်ရှောင်တုန်ကိုကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။

ရှောင်ရှောင်တုန် “.....”

ရှောင်ရှောင်ဖန်သည် တစ်လကြာ ငြီးငွေ့နေခဲ့ရသည်။ ပီဖုန်းကျောင်းတော်တွင် ဆေးရောင်းရန် နေရာရှိကြောင်း ရှောင်ကျင့်ထျင်မှ တွေ့ရှိပြီးနောက် ညီအစ်ကိုနှစ်ဦးသည် နောက်ဆုံးတွင် အပြင်ထွက်ခွင့်ရခဲ့သည်။

ရှောင်ရှောင်ဖန်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ရှောင်ကျင့်ထျင်ပေးသော ဆေးရောင်းသည့်တာဝန်ကို ချက်ချင်းတာဝန်ယူလိုက်သည်။

“မောင်ငယ်လေး၊ ဒီမှာ ဘယ်လိုဆေးမျိုးရောင်းတာလဲ” လှပသော ကျင့်ကြံသူ အမျိုးသမီးသုံးယောက် ရောက်ရှိလာပြီး အစိမ်းဝတ်အမျိုးသမီးက ရှောင်ရှောင်ဖန်ကို မေးလိုက်သည်။

ရှောင်ရှောင်ဖန်က မဆိုင်းမတွ ပြောလိုက်လေ၏။

“ဒီမှာရနိုင်တဲ့ အကောင်းဆုံး အရည်အသွေးဆေးက ကျွမ့်ယန်ဆေး(ယန်ဓာတ်အားကောင်းစေသောဆေး)ပါ။ အစ်မ လိုချင်လား။ ဆိုင်က အခုမှ အသစ်ဖွင့်တာဖြစ်လို့ သုံးလုံးဝယ်ရင် တစ်လုံးအခမဲ့ရပါမယ်။ ကျွန်တော်တို့ ကျွမ့်ယန်ဆေးက အရည်အသွေးအာမခံချက်ရှိပြီး ဈေးလဲအရမ်းသက်သာတယ်။ ဒီအတိုင်း ကျော်သွားမယ်ဆို ဒီမြို့မှာ ဒီလိုဆိုင်မျိုး ထပ်မတွေ့နိုင်တော့ဘူး။ အစ်မကြီး.. အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်”

ရှောင်ရှောင်တုန်က ရှောင်ရှောင်ဖန်နဲ့ စကားမပြောချင်သလို မျက်နှာလွှဲထားသည်။

ရှောင်ရှောင်ဖန်၏ မျက်နှာသည် ပြုံးရွှင်နေပြီး အစိမ်းဝတ် အမျိုးသမီးကို ကြည့်နေချိန်တွင် သူ့မျက်လုံးများက တောက်ပနေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora