Chapter 92: Show it

4.5K 553 16
                                    

Unicode

" မုရန်၊ မင်းဘာလို့ဒီကိုလာခဲ့တာလဲ? မင်းကအသက်ကြီးနေပြီ။ ပီဖုန်းအကယ်ဒမီရဲ့ရွေးချယ်တဲ့​နေရာမှာပါဝင်ဖို့က အရမ်းနောက်ကျသွားပြီ။ " ကျန်းလင်ယွီကနောင်တရသလိုဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။

ရွှီမုရန်က နွေးထွေးစွာပြုံးကာ " မင်းက နောက်နေတာ ဖြစ်ရမယ်။ ပီဖုန်းမြို့က အတော်လေးချမ်းသာကြွယ်ဝတယ်လို့ ငါကြားထားတော့ ကြည့်ဖို့ဒီကိုလာခဲ့တာ။ ဒါပေမယ့် မင်းက ဒီကို ဘယ်လို ရောက်လာတာလဲ? "

" ပီဖုန်းမြို့မှာ မကြာခင် လေလံပွဲကျင်းပတော့မှာမို့ လေလံပွဲတက်ဖို့ ငါ့ခင်ပွန်းနဲ့ အဖော်လိုက်ခဲ့တာ။ " ကျန်းလင်ယွီက ခေါင်းကို​မော့ကာဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

" လေလံပွဲလား? " ရွှီမုရန်သည် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း အကူအညီမဲ့သွားသလိုခံစားလိုက်ရ၏။

ကျန်းလင်ယွီက ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ မင်းမသိဘူးလား။ ပီဖုန်းမြို့ရဲ့ နှစ်စဉ်လေလံပွဲက ရတနာတွေ အများကြီးပါလာလိမ့်မယ်။ အုတ်မြစ်ချအဆင့် ကျင့်ကြံသူတစ်ဦးထက်မက ရောက်လာလိမ့်မယ်လို့ပြောတယ်။ "

ရွှီမုရန်၏မျက်လုံးများသည် တောင့်တမှုအနည်းငယ်ကို ထုတ်ဖော်မပြသဘဲ မ​နေနိုင်ပေ။

" သွားကြည့်ရအောင်။ " ရွှီမုရန်သည် ရှောင်ကျင့်ထျင်ကို ကြည့်လိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ပြီး " ကောင်းပြီ! " ဒီလိုအခွင့်အရေးကောင်းကို လွယ်လွယ်နဲ့လက်လွှတ်လို့မဖြစ်နိုင်​ပေ။

ကျန်းလင်ယွီက သက်ပြင်းတစ်ချက်ချလိုက်ပြီး " လေလံပွဲက ကောင်းပေမယ့်ဝင်ဖို့မလွယ်ဘူး။ လေလံပွဲက အဆင့်အတန်းမြင့်မားပြီး လေလံပွဲမှာပါဝင်ဖို့အတွက် လေလံကိုင်ဆောင်ထားတဲ့ ကုန်သွယ်အိမ်မှာကတ်တစ်ခုကြိုတင်လျှောက်ထားရမှာဖြစ်တယ်။ ပြီးရင် ငွေတစ်သိန်းကို ကြိုသွင်းထားရမယ်။ ကျွန်မခင်ပွန်းမှာ ကတ်တစ်ခုရှိပေမယ့် ကတ်တစ်ကတ်ကို လူနှစ်ဦးပဲ ဝင်ခွင့်ပြုတယ်။ "

ရှောင်ကျင့်ထျင်က ကျန်းလင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး " အိုး " ဟုပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWo Geschichten leben. Entdecke jetzt