Chapter 20: Buy seeds

7.4K 1K 8
                                    

Unicode

ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို ဝိညာဥ်မျိုးစေ့ဆိုင်သို့ ခေါ်သွားခဲ့သည်။ နှစ်ယောက်သားဝင်လာတာကိုမြင်တော့ ဆိုင်ပိုင်ရှင်က " ဧည့်သည်နှစ်ယောက်၊ မျိုးစေ့လိုလို့လား! "

ရှောင်ကျင့်ထျင်ကခေါင်းညိတ်ပြီး " ဟုတ်ကဲ့၊ အကြံပြုချက်ကောင်းလေးတွေရှိလား "

ဆိုင်ပိုင်ရှင်က ရွှီမုရန်ကို ကြည့်ကာပြုံးပြီးပြောတယ် " သခင်​လေးကမီးစွမ်းရည်ပဲ ၊ ဆိုင်မှာ ဟွားယွင်ဆန်နဲ့ အစိမ်း​ရောင်မီးဝိညာဥ်ဟင်းသီးဟင်းရွက်တွေ ရှိပါတယ်၊ ​​မီးစွမ်းရည်ဆရာသခင်တွေအတွက် သင့်တော်တယ်။ တရားဝင်ဝယ်လို့ရပါတယ်။ "

ရှောင်ကျင့်ထျင်က စိတ်ဝင်တစားနဲ့မျက်ခုံးပင့်လိုက်တယ်၊ ရွှီမုရန်က ရှောင်ကျင့်ထျင်လက်ကိုလှမ်းကိုင်လိုက်ပြီး " မဝယ်နဲ့ " လို့ပြောလိုက်၏။

ရှောင်ကျင့်ထျင်က ရွှီမုရန်ကိုအံ့အားသင့်စွာကြည့်ကာ " ဘာဖြစ်လို့လဲ? "

" ဟွားယွင်ဆန်က တတိယအဆင့်စိတ်ဝိညာဥ်အပင်ဖြစ်ပေမယ့် ရောင်းတဲ့အခါ သစ်သားအခြေခံတတိယအဆင့်စိတ်ဝိညာဥ်ဆန်ထက် ၂၀ ရာခိုင်နှုန်းနိမ့်တယ်။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးဖို့အခက်အခဲမှာလည်း သစ်သားအခြေခံစိတ်ဝိညာဥ်ဆန်ထက် မနည်းဘူး။ " ဟု ရွှီမုရန်က ရှင်းပြသည်။

" ရပါတယ်၊ မင်းစိုက်ရင် မင်းကိုယ်တိုင်စားလို့ရတယ်၊ မရောင်းပါဘူး " ရှောင်ကျင့်ထျင်က ဘာသိဘာသာနဲ့ပြောလိုက်တယ်။

" သူဌေး၊ ဟွားယွင်ဆန်အစေ့တစ်ထုပ်နဲ့ အစိမ်းရောင်မီးဝိညာဥ်အပင်စေ့တစ်ထုပ်ကိုပေးပါ။ " ရှောင်ကျင့်ထျင်ကပြောသည်။

ရွှီမုရန်က အနည်းငယ် စိတ်မသက်မသာနဲ့
" အများကြီးစိုက်စရာမလိုပါဘူး " မီးကိုအခြေခံသောဝိညာဥ်ထမင်းကို သစ်သားအခြေခံဝိညာဥ်စွမ်းအားရှင်များ လက်ခံနိုင်သော်လည်း သစ်သားအခြေခံဝိညာဥ်စွမ်းအားရှင်များသည် မီးအခြေခံဝိညာဥ်စွမ်းအားကို လက်ခံနိုင်ခဲသော အကြောင်းရင်းတစ်ခုဖြစ်သည်။

ရှောင်ကျင့်ထျင်က သူ့ခေါင်းကိုဖြေးညှင်းစွာခါလိုက်ပြီး " ရပါတယ်၊ ဒါက ဘာအပင်မျိုးမှမဟုတ်တာ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora