Chapter 84: Houfu Competition

5.1K 642 29
                                    

Unicode

ရှောင်ကျင့်ထျင် ပြန်လာသည့်အသံကို ရွှီမုရန် ကြားသောအခါချက်ချင်းဆိုသလို သူ့ကိုတွေ့ဖို့ ဗိုက်လေးကိုကိုင်ကာ ထွက်လာပြီး " ပြန်လာပြီလား! " ဟု​မေးလိုက်​လေသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ကာ " အင်း! "

" မင်းအဖေက ဘာပြောလိုက်တာလဲ? " ရွှီမုရန်က မေးသည်။

" မကြာခင်ရက်ပိုင်းအတွင်းမှာ ဟုန်မိသားစုက ပြိုင်ပွဲကျင်းပလိမ့်မယ်လို့ အဖေကပြောလိုက်တယ်။ "

" ဟုန်မိသားစုလား? အန္တရာယ်များလွန်းတယ်။ ဟုန်မိသားစုက ကျင်းပတဲ့ပြိုင်ပွဲတိုင်းမှာ လူတော်တော်များများ သေကြတယ်။ " ရွှီမုရန်က စိုးရိမ်တကြီးပြောလာသည်။

ရှောင်ကျင့်ထျင် ခေါင်းညိတ်သဘောတူလိုက်ကာ " ကိုယ်လည်းအန္တရာယ်ရှိမှန်းသိပေမယ့် သိပ်စိတ်မပူပါနဲ့။ စမ်းသပ်မှုတွေစတဲ့အချိန်မှာ မပါဘဲပုန်းဖို့နေရာတစ်ခုကို ကိုယ်ရှာလိုက်မယ်။ "

ရွှီမုရန်နှင့် မုရှူးယွီတို့သည် အဆင့် ၅ချီကျင့်ကြံသူများဖြစ်ကြသော်လည်း သူတို့သည် ကောများဖြစ်ပြီး ရှောင်မိသားစုဝင်များမဟုတ်သောကြောင့် ၎င်းတို့မှာစာရင်းထဲတွင်မပါဝင်ခဲ့ကြပေ။

ရွှီမုရန်က အသက်ပြင်းပြင်းရှူကာ " ဒါက အကြံကောင်းပဲ၊ ဒါပေမယ့် တခြားအန္တရာယ်တွေရှိလာမှာကို ငါကြောက်တယ်… "

ရှောင်ကျင့်ထျင်က သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် " တခြားအန္တရာယ်တွေတော့ ရှိမှာပေါ့၊ ဒါပေမယ့် ကိုယ့်နာမည်က စာရင်းထဲပါပြီးသားမို့ အဲ့ဒီကနေ မလွတ်မြောက်နိုင်ဘူး။ လောလောဆယ်တော့ တစ်ဆင့်ပြီးတစ်ဆင့်အရှိန်ယူရမှာပဲ။ "

ရွှီမုရန်က ခေါင်းညိတ်လိုက်ပြီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ " ဟုတ်တယ်၊ ဟုန်မိသားစုက အရမ်းရက်စက်တယ်။ ကစားပွဲကနေ လွတ်မြောက်လာတဲ့ဘယ်သူ့ကိုမဆို လိုက်ဖမ်းပြီး သတ်ပစ်လိမ့်မယ်။ "

" မင်းက အရမ်းသိတာပဲ! " ရှောင်ကျင့်ထျင် အံ့သြသွားသည်။ မူလပိုင်ရှင်သည် ပြိုင်ပွဲနှင့်ပတ်သက်၍ ဘာမှမသိနားမလည်သော အရူးတစ်ယောက်လိုပင်ဖြစ်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now