Unicode
ရှောင်ရှောင်ဖန်သည် သူ့အစ်ကို ရှောင်ရှောင်တုန်က မကြာသေးခင်က စိတ်သဘောထားကောင်းမွန်နေပြီး တစ်နေ့တာလုံး လျှို့ဝှက်နေကြောင်း တွေ့ရှိခဲ့သည်။
သူနှင့် လဲ့ရွမ်တူးခဲ့သော ဝိညာဉ်ကျောက်တုံးများသည် တစ်ခါတစ်ရံ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သည်။
အရင်တုန်းက သူ့အစ်ကိုက ဝိညာဉ်ကျောက်တုံးများတူးဖော်ရာတွင် အလုပ်သိပ်မလုပ်သော်လည်း အခုချိန်တွင် သူသည် သေတဲ့အထိ အလုပ်လုပ်ပြီး အရည်အသွေးပိုကောင်းသည့်ကျောက်များကို တစ်နေ့လုံးတူးရန် သူတို့ကိုလည်း တိုက်တွန်းနေတတ်သည်။ အရင်အချိန်က သူထင်ထားသည်မှာ မည်မျှပင် ပို၍ တူးဖော်နေပါစေ အလကားဟုထင်ခဲ့သည်။ သို့သော် သူ့အစ်ကိုက စားစရာတွေ ပို၍အများကြီး ယူလာနိုင်ခဲ့ပြီး ထိုအစားအစာတွေ မည်သည့်နေရာမှလာမှန်း မပြောတတ်ပေ။
လဲ့ရွမ်သည် အသားခြောက်ကိုမျိုချလိုက်ပြီး သူ့နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေသည်။
လဲ့ရွမ်သည် ရှောင်ရှောင်တုန်ထံမှ အစားအစာများစွာ ရရှိမှုကို အသားကျသွားခဲ့သည်။ လဲ့ရွမ်သည် ငယ်ရွယ်သေးပြီး အသားစားချင်သည်။ တခါတရံမှာ ရှောင်ရှောင်ဖန်ထက်ပင် အများကြီး ပိုစားနိုင်၏။
ရှောင်ရှောင်တုန်ပေးသော အစားအစာသည် အလွန်ထူးခြားကြောင်း လဲ့ရွမ်တွေ့ရှိခဲ့သည်။ မူလက ဂူထဲတွင် အဆိပ်ဓာတ်ငွေ့သိပ်သည်းပြီး ပြင်းထန်သောအဖျားရောဂါ ဖြစ်ကြသောကြောင့် အုတ်မြစ်ချအဆင့်ကျင့်ကြံသူများပင် ဤနေရာတွင် အကြာကြီး နေထိုင်ပြီးနောက် မသက်မသာခံစားရပြီး သေဆုံးသွားကြသည်။ သို့သော်လည်း ရှောင်ရှောင်တုန်မှ ၎င်းတို့အားပေးခဲ့သော သစ်သီးမှာ အဖျားရောဂါကို တွန်းလှန်ရန် ကူညီပေးသည့် ဆေးဖက်ဝင်သစ်သီးပင် ဖြစ်သည်။
ရှောင်ရှောင်တုန်သည် လဲ့ရွမ်၏ရှာဖွေတွေ့ရှိမှုကို သိရှိခဲ့သည်။ ရှောင်ရှောင်တုန်က ထိုအကြောင်းကို ရှောင်ကျင့်ထျင်အားပြောပြခဲ့ပြီး ရှောင်ကျင့်ထျင်က ဝိညာဉ်စမ်းရေ၏ သက်ရောက်မှုကြောင့်ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။ ထို့နောက် သူသည် ရှောင်ရှောင်တုန်အား ဝိညာဉ်စမ်းရေကို သောက်ရန်ပေးခဲ့ပြီးနောက် ရှောင်ရှောင်တုန်မှာ အလွန်ကောင်းမွန်လာသည်။

KAMU SEDANG MEMBACA
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...