Chapter 121 : See your parent

2.1K 264 3
                                        

Unicode

လဲ့ရွှမ်က ရှောင်ရှောင်ဖန်ရဲ့နောက်ကို လိုက်သွားပြီး စိတ်ဓာတ်ကျတဲ့လေသံနဲ့ပြောလိုက်သည်။

"ရှောင်ဖန် မင်းအစ်ကိုက ဒီရောက်နေတာပဲ။ မင်းပြောတာကို ငါဘာလို့မကြားတာလဲ!" ရှောင်ဖန်က သူ့ကို စောစောက ကြိုပြောထားရင်၊ သူ ဒီလောက်ကြီးကျယ်တဲ့ အမှားမျိုး လုပ်မိမှာ မဟုတ်ပေ။

ရှောင်ရှောင်ဖန်က သူ့မျက်နှာကို စိတ်ဓာတ်ကျစွာ
ကုတ်လိုက်ပြီး "ငါ့အစ်ကိုက ဒီကိစ္စကို ခွင့်မပြုဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ သွားမပြောနဲ့!"

"မင်းအစ်ကိုက မင်းကိုဘာလို့မပြောခိုင်းတာလဲ?" ထန်းယွင်ကျယ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ရှောင်ရှောင်ဖန်က ခေါင်းခါလိုက်ပြီး "အစ်ကိုက နှိမ့်ချပြီး အာရုံစိုက်ခံရတာကို မကြိုက်ဘူးလို့ ပြောခဲ့တယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငွေအများကြီးရှာနိုင်တဲ့လူဖြစ်ချင်တယ်တဲ့"

"ဒါဆိုဒီလိုကို! ဒါပေမယ့် စောစောက ပြောသင့်တယ်လေ။ အစ်ကိုလဲ့က မင်းအစ်ကိုကို သတ်မိလုနီးပါးပဲ"

ထန်းယွင်ကျယ်က သူ့ရင်ဘတ်ကို ပွတ်သပ်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

လဲ့ရွှမ်သည် ထန်းယွင်ကျယ်၏ပါးစပ်ကို အမြန်ဖုံးအုပ်ကာ ရှောင်ရှောင်ဖန်အား ရှက်ရွံ့စွာ ပြုံးပြပြီး

"ရှောင်ဖန် သူ့စကားနားမထောင်နဲ့၊ အဲဒါ မမှန်ဘူး" ဟု ပြောလိုက်သည်။

ရှောင်ရှောင်ဖန်သည် လဲ့ရွှမ်ကို သံသယ အနည်းငယ်ဖြင့် ကြည့်လိုက်၏။

ထန်းယွင်ကျယ်က ရယ်လိုက်ပြီး "ဟုတ်တယ်၊ ငါ ပေါက်ကရတွေ‌ လျှောက်ပြောနေတာ။ မင်းရဲ့အစ်ကိုက အရမ်းစွမ်းတာပဲ!"

ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး "အစ်ကိုကြီးက အမြဲတမ်း အံသြစရာကောင်းတယ်!"

"မင်းအစ်ကိုမှာ ဘယ်လိုဝိညာဉ်အမြစ်ရှိလဲ? သူက မင်းလို ဝိညာဉ်အမြစ်တစ်ခုတည်းလား?" ထန်းယွင်ကျယ်က ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။

ရှောင်ရှောင်ဖန်က သူ့ခေါင်းကို ခါလိုက်ပြီး "မဟုတ်ဘူး၊ သူ့မှာ ရေနဲ့သစ်သားရဲ့ ဝိညာဉ်အမြစ်နှစ်ခုရှိတယ်" ဟု ဆို၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora