Unicode
" နိုးပြီလား? " ရှောင်ကျင်းဖုန်းသည် စားစရာရှာနေသော ရှောင်ကျင့်ထျင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးဖြေ၏။
" ဟုတ်ကဲ့! "" ဘယ်လိုခံစားရလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။
" မသေနိုင်တဲ့သူဖြစ်ရတာ ကောင်းတယ်! " ရှောင်ကျင့်ထျင်က အရမ်းရိုးသားစွာဖြေ၏။ သူ့ရဲ့နောက်ဆုံးဘ၀မှာ လူပျိုစင်စစ်ဖြစ်ခဲ့ခြင်းအားဖြင့် သူ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာတွေ အများကြီးဆုံးရှုံးခဲ့ရသည်။
" ကဲပါကွာ၊ သူဘယ်လိုနေလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။
" သူအိပ်နေတုန်းပဲ... ကြည့်ရတာ သူက ချီလေ့ကျင့်မှုစတုတ္ထအဆင့်ကို ဖြတ်ကျော်သွားပုံရတယ်။ " ရှောင်ကျင့်ထျင်က ပြောသည်။
ရှောင်ကျင်းဖုန်းက မျက်မှောင်ကြုတ်ပြီး " သူအဆင့်တက်သွားတာလား? "
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ " ဟုတ်တယ်၊ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်၊ ငါ သူ့ကို မနှိုးထားဘူး။ "
" ကောင်းပြီ။ သူဘာလို့ aphrodisiac ကိုသုံးတာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။
ရှောင်ကျင့်ထျင်က ခေါင်းယမ်းလိုက်ပြီး စိတ်ဆင်းရဲစွာဖြင့် ခေါင်းကုတ်လိုက်ကာ " မသိဘူး! ငါတို့ မုရန် နိုးလာတာကိုစောင့်ပြီး မေးရုံပေါ့။ "
ရှောင်ရှောင်ဖန်နှင့် ရှောင်ရှောင်တုန်တို့နှစ်ယောက် အခန်းထဲမှထွက်လာကြသည်။ မနေ့ညက ရှောင်ကျင့်ထျင်က ရှောင်ကျင်းဖုန်းအား ပေးသော အခန်းထဲတွင် နှစ်ယောက်သားအိပ်ကြရသည်။ အဲဒီ့မှာတိုက်ပွဲက ပြင်းထန်လွန်းတာကြောင့် ရှောင်ကျင်းဖုန်းက အဲဒီနေရာကိုသွားပြီး အိပ်ရာအသေးသွားယူရမည်ကို ရှက်လွန်း၍ ကလေးနှစ်ယောက်ကို သူ့ကုတင်ပေါ်တွင် အိပ်စေပြီး သူနှင့်မုရှူးယွီက မြေပြင်ပေါ်မှာ အိပ်လိုက်ကြသည်။
ရှောင်ရှောင်ဖန်က သူ့ခေါင်းကိုမော့ပြီး ရှောင်ကျင့်ထျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်ကို လက်ဝှေ့ယမ်းပြပြီး " မင်းဘာကြည့်နေတာလဲ? "
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...