Unicode
“ဟေ့ ဖက်တီးလေး၊ မင်းမှာကျန်တဲ့ ကိတ်မုန့်တွေအကုန်ပေး…” အိုးယန်ကျင်းယွဲ့သည် ခါးထောက်ကာ ခေါင်းကိုမြင့်မြင့်မော့ထားပြီး ရှောင်ရှောင်ဖန်ကို အော်ဟစ်လိုက်သည်။
ရှောင်ရှောင်ဖန်က မျက်လုံးကိုမှိတ်ပြီး ခေါင်းခါလိုက်ကာ “မင်းပါးစပ်ကိုဖွင့်လိုက်တာနဲ့ အရာအားလုံးကို လိုချင်နေတယ်။ ဒီလောက်လောဘကြီးတာ မကောင်းဘူး”
အိုးယန်ကျင်းယွဲ့က သူမလက်သီးကို မြှောက်လိုက်ပြီး “ငါ့ကို မပေးရင် ငါမင်းကို ရိုက်ပြမယ်” လို့ပြောလိုက်သည်။
ရှောင်ရှောင်ဖန်က သူ့ပါးကို ဖောင်းလိုက်ရင်း “မင်းက တကယ်ကို ရက်စက်တာပဲ။ ငါဇနီးရှာတဲ့အခါ နူးညံ့သိမ်မွေ့ ချစ်ဖို့ကောင်းပြီး စာနာတတ်တဲ့သူကို ရှာရမယ်လို့ ဖေဖေကပြောတယ်။ မင်းကဒီလိုမျိုး ဖြစ်နေတော့အရည်အချင်းမပြည့်မှီတော့တာသေချာတယ်...”
အိုးယန်ကျင်းယွဲ့က လှောင်ပြောင်ပြီး “မင်းလို အဆီတုံးတစ်တုံးကိုလဲ ငါမလိုချင်ပါဘူး။ ငါ့မှာ အရည်အချင်းမရှိဘူးလို့ထင်ရင် ကျော်သွားလိုက်လို့ရတယ်… ဘာမှအရေးမကြီးဘူး”
ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး “မင်းဒီလိုပုံစံလုပ်နေရင် တကယ်ကို အိမ်ထောင်ဖက်ရှာရခက်လိမ့်မယ်”
အိုးယန်ကျင်းယွဲ့က ရယ်မောလိုက်ပြီး “ငါက သဘာဝအတိုင်းလှပပြီး မွေးကတည်းက လိုချင်တာမှန်သမျှရနိုင်တယ်”
ရှောင်ရှောင်ဖန်က နှာခေါင်းကိုပွတ်လိုက်ပြီး “အရှက်မရှိလိုက်တာ” ဟုရေရွတ်လိုက်သည်။
“ဖက်တီးလေး၊ မင်းကရော ဘယ်လိုလူမျိုးကိုရှာမှာလဲ?” အိုးယန်ကျင်းယွဲ့က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
“ဟင်းချက်တတ်တဲ့သူကို ရှာမယ်” ရှောင်ရှောင်ဖန်က ပြောသည်။
အိုးယန်ကျင်းယွဲ့က နှုတ်ခမ်းတွန့်သွားကာ “မင်းကတကယ် ရည်မှန်းချက်ကြီးတာပဲ!”
ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ဖေဖေကပြောတယ်.. ယောက်ျားတစ်ယောက်က ရည်မှန်းချက်ကြီးရမယ်တဲ့”
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...