Chapter 118: Purple Cloud Bow

1K 168 4
                                    


Unicode

ရွှီမုရန်သည် အိမ်ကို သပ်ရပ်စွာ သန့်ရှင်းရေးလုပ်ခဲ့သည်။ ချိုးယွင်သည် ရှောင်ကျင့်ထျင်ကို အလွန်သဘောကျပုံရပြီး လှပသော ဂူအိမ်တစ်လုံးကို ပေးအပ်ခဲ့သည်။

ရှောင်ကျင့်ထျင်သည် ရှောင်ရှောင်ကျင့်အတွက် မီးဖိုခန်းကို အလျင်အမြန် ပြင်ဆင်လိုက်သည်။ ဟုတ်ပါသည်၊ ရှောင်ကျင့်ထျင်က ရှောင်ရှောင်ကျင့်အတွက် မီးဖိုချောင်ကို ပြင်ဆင်နေသည်။ ရှောင်ရှောင်ကျင့်ဟာ သာမန်လူတစ်ယောက်လို လမ်းလျှောက်နိုင်ခါစကတည်းက ချက်ပြုတ်ရတာကို ဝါသနာပါတာကြောင့် ရှောင်ကျင့်ထျင်က ရှောင်ရှောင်ကျင့် စိတ်ကြိုက်ချက်ပြုတ်နိုင်ရန် မီးဖိုငယ်၊ အိုးငယ်ခွက်ငယ်များနှင့် ပျားရည်များကို လုပ်ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

ရှောင်ရှောင်ကျင့်၏ မုန့်များသည် များသောအားဖြင့် သူ့ဖေဖေလုပ်သောမုန့်များထက် သေးငယ်သည်။ သို့သော် ၎င်းတို့သည် အလွန်အရသာရှိပြီး သူ့ဖေဖေပြုလုပ်သည့်အရာများထက် များစွာသာလွန်၏။

"ရှောင်တုန်ကပြောတယ်.. ရှောင်ဖန်က အရူးတစ်ယောက်ကို ချစ်မိသွားခဲ့တယ်တဲ့။ ဒါပေမယ့် ပိုဆိုးမလာခင် ရှောင်ဖန်ရဲ့ အချစ်အငုံကို သတ်နိုင်ခဲ့တယ်တဲ့" ရွှီမုရန်က ဂူအိမ်ကို သန့်ရှင်းရေးလုပ်ရင်း ပြောသည်။

ရှောင်ကျင့်ထျင်သည် သူ့သားကို မလေးစားဘဲ မနေနိုင်ပေ။

"ကောင်းတယ်၊ ကိုယ်တို့သားက ကောင်းကောင်းအလုပ်လုပ်နေတယ်!" သူလည်း ထိုသို့ လုပ်ချင်ပေမယ့် သူမလုပ်ခင်မှာ သူ့သားအကြီးဆုံးက ၎င်းကို ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ရှောင်ဖန်သည် ဤမျှမိုက်မဲသော ကလေးဖြစ်သည်။ ဒီလို အသုံးမကျတဲ့လူကို ဘယ်လိုများရှာခဲ့တာပါလိမ့်!

"အစ်ကိုကြီးက အရမ်းရက်စက်တာပဲ!" ရှောင်ရှောင်ကျင့်က ပြောပြီး သူ့မျက်နှာလေးက အနည်းငယ် တင်းမာသွားသည်။

ရှောင်ကျင့်ထျင်က ရှောင်ရှောင်ကျင့်ရဲ့ ခေါင်းကို ပွတ်လိုက်ပြီး "မင်းရဲ့ အစ်ကိုကြီးက မင်းနဲ့ မင်းရဲ့မိုက်မဲတဲ့ ဒုတိယအစ်ကိုကို ကာကွယ်ဖို့အတွက် ရက်စက်ရလိမ့်မယ်!"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now