Chapter 120: Relationship exposure

1.9K 245 15
                                    


Unicode

"ငါတို့ရောက်ပြီ" လဲ့ရွှမ်က ရပ်လိုက်ပြီး လှည့်ကြည့်ကာ "ဒီမှာ ရွှေချည်မျှင်စပါးအုံးမြွေအသိုက်ရှိတယ်။ ရွှေချည်မျှင်စပါးအုံးမြွေဘုရင်နဲ့ ငါခဏရင်ဆိုင်လိုက်မယ်။ တခြားစပါးအုံးမြွေတွေကို မင်းတို့ အာရုံလွှဲထားပေး"

ထန်းယွင်ကျယ်သည် လဲ့ရွှမ်ကိုကြည့်ကာ "ငါတို့က လူနည်းနည်းပဲရှိတာလေ။ လုပ်နိုင်ပါ့မလား? ဖြစ်နိုင်ရင် ငါတို့ နောက်ထပ် လူနည်းနည်း ထပ်ရှာသင့်တယ်"

လဲ့ရွှမ်က ရှောင်ရှောင်တုန်ဘက်ကို လှည့်ပြီး "ဒါကို မင်းဘယ်လိုထင်လဲ ညီအစ်ကို"

ရှောင်ရှောင်တုန်သည် လဲ့ရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ ဒီကိုပဲရောက်လာပြီ။ လက်ဗလာနဲ့ ပြန်သွားရင် အလုပ်ရှုပ်တာပဲအဖက်တင်လိမ့်မယ်"

လဲ့ရွှမ်က ခေါင်းညိတ်ပြပြီး ပြုံးကာ "ငါလည်း ဒီလိုပဲ ထင်တယ်" ဟုဆို၏။

ထန်းယွင်ကျယ်သည် ရှောင်ရှောင်တုန်နှင့် လဲ့ရွှမ်ကိုကြည့်ကာ တွေးလိုက်သည်: ဒီပုံမှန်မဟုတ်တဲ့ လူနှစ်ယောက်က အကြံတူကြတာပဲ!

လဲ့ရွှမ်သည် ရိုးရှင်းစွာ တိုက်ခိုက်မှုကို စတင်လိုက်ပြီး မြွေဂူကို နှိုးဆွလိုက်ရာ စပါးအုံးမြွေများသည် အရူးအမူး တွားသွားထွက်လာခဲ့ကြသည်။

ရှောင်ရှောင်တုန်သည် မရေမတွက်နိုင်သော စိမ်းပြာရောင်မြှားများကို လက်ချောင်းထိပ်များမှ ပစ်လွှတ်လိုက်ရာ မြှားတစ်စင်းစီသည် ရွှေချည်မျှင်စပါးအုံးမြွေများ၏ အားနည်းသောနေရာများကို တိကျစွာ ထိမှန်သွားလေသည်။

ရှောင်ရှောင်တုန်၏ မြှားတစ်စင်းတောင် မလွတ်သွားတာကို ထန်းယွင်ကျယ် သဘောကျသွားသည်။

ရှောင်ရှောင်တုန်သည် ချီကျင့်ကြံဆင့် အဌမအဆင့်တွင် ရှိနေကြောင်း လဲ့ရွှမ်ထံမှ ကြားသိရသော်လည်း ၎င်းကို အပြည့်အဝ မယုံကြည်သေးပေ။ ယခု ရှောင်ရှောင်တုန်၏ လက်လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ထန်းယွင်ကျယ်သည် လဲ့ရွှမ်၏ စကားများ အမှန်ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now