Unicode
ကင်းမြီးကောက်များ၏ အသိုက်ကို ထိန်းကျောင်းပြီးနောက် ရှောင်ကျင့်ထျင်၏ ခွန်အားသည် ကြီးမားလာသည်။
"ငါတို့ဘယ်သွားရမလဲ။ ချန်သခင်လေး၊ မင်းမှာ အကြံဉာဏ်တွေ ရှိသေးလား?" ရှောင်ကျင့်ထျင်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"ကျွန်တော်တို့ ဖန်ရှင်းပန်းကို သွားရှာလို့ရပြီ" ချန်ရွှိက မစဉ်းစားဘဲ ပြောလိုက်သည်။
"ဖန်ရှင်းပန်း အဲဒါကကဘာလဲ?" ချန်ရွှိ၏ အသွင်အပြင်ကို ကြည့်ပြိီး ရှောင်ကျင့်ထျင်သည် ချန်ရွှိက ဖန်ရှင်းပန်းကို အချိန်အတော်ကြာကတည်းက လိုချင်နေမှန်း သိသောကြောင့် ၎င်းသည် အရေးကြီးသော အရာတစ်ခု ဖြစ်ရမည်။
"မြို့တွင်းကိုသွားမယ်ဆိုရင် အုံ့ဆိုင်းနေတဲ့ ရွှံ့ညွန်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး အဲဒီမှာ မြူခိုးတွေနဲ့ ပြည့်နှက်နေတယ်။ ဖန်ရှင်းပန်းက အဲဒီအရာတွေကို တွန်းလှန်နိုင်တယ်" ဟု ချန်ရွှိက ပြောသည်။
ရှောင်ကျင့်ထျင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်ပြီး "ဒီလိုဆိုရင် ဝိညာဉ်သန့်စင်ပင်တွေကိုရှာဖို့ မြို့တွင်းကို သွားချင်ရင်၊ ဖန်ရှင်းပန်းကို အရင်ယူဖို့လိုတာပေါ့"
ချန်ရွှိက ခေါင်းညိတ်ပြီး ပြော၏။ "ဖန်ရှင်းပန်းတစ်ပွင့်ရှိရင် အဆိပ်မြူခိုးတွေကို တွန်းလှန်ဖို့ ပိုလွယ်လိမ့်မယ်၊ ဒါဆိုရှင်သန်ဖို့ အခွင့်အလမ်းက ပိုကြီးလာလိမ့်မယ်"
"ဒါဆို မြန်မြန် လှုပ်ရှားကြရအောင်" ရှောင်ကျင့်ထျင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ တကယ်တော့ ဂိုဏ်းက ထိုကိစ္စတွေအကြောင်း ဘာမှ မပြောဖူးပါချေ။
ရှောင်ကျင့်ထျင်သည် ဂိုဏ်းသားများက ဤအကြောင်းအရာကို သိရှိကြောင်း သေချာသိသော်လည်း ၎င်းတို့က သူ့ကို မပြောခဲ့ပေ။ တိမ်တိုက်စိမ်းအမတဂိုဏ်းက သူတို့ကို မယုံကြည်တာ ဒါမှမဟုတ် သူတို့ကို အလေးအနက်မထားခဲ့တာဖြစ်နိုင်သည်။
အုတ်မြစ်ချအဆင့် အထွတ်အထိပ်တွင်ရှိနေသော တိမ်တိုက်စိမ်းအမတဂိုဏ်း၏ ကျင့်ကြံသူများသည် လျှို့ဝှက်ချက်များစွာကို သေချာပေါက် သိကြပြီး ထိုပုဂ္ဂိုလ်များသည် ဂိုဏ်း၏ ဝှက်ဖဲများဖြစ်သည်။
BẠN ĐANG ĐỌC
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
Tâm linhBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...
