Unicode
အချိန်သည် ရေကဲ့သို့ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ကြာသွားခဲ့သည်။
လွန်ခဲ့သည့်ခြောက်လတွင် ရှောင်ကျင့်ထျင်၊ ရွှီမုရန်၊ ရှောင်ကျင်းဖုန်း နှင့် မုရှူးယွီတို့သည် ချီကျင့်ကြံမှု အဆင့် ၅သို့ တက်လှမ်းခဲ့ကြသည်။ ချီဖုံးကွယ်ခြင်းပညာကြောင့် ရှောင်မိသားစု၏ ကျင့်ကြံမှုသည် ချီလေ့ကျင့်မှု အဆင့် ၄တွင် ရှိနေသည်ဟု အခြားလူများက ထင်မြင်ခဲ့ကြသည်။
မုရှူးယွီသည် လွန်ခဲ့သောနှစ်လက ကော သားငယ်လေးကို မွေးဖွားခဲ့ပြီး သူ့ကို ရှောင်ရှောင်ဖူဟုအမည်ပေးခဲ့သည်။
ရှောင်ကျင့်ထျင်သည် ငွေအမြောက်အမြားရရှိပြီး လွန်ခဲ့သည့်နှစ်ဝက်တွင် မြေကွက်အများအပြားကို ဝယ်ယူခဲ့သည်။ ရှောင်ကျင့်ထျင်သည် ဝိညာဉ်အပင်များရောင်းချခြင်းမှ ငွေများစွာရခဲ့သည်ဟု ရွာသားများက ထင်မြင်ယူဆခဲ့ကြသော်လည်း ရှောင်ကျင့်ထျင်သည် ဝိညာဥ်အပင်များရောင်းချခြင်းမှ ရရှိသောငွေ၏ ဆယ်ပုံတစ်ပုံနှင့် ကျန်သည်မှာ စပျစ်ဝိုင်မှရရှိသည်ကို သူတို့မသိခဲ့ကြပေ။
ရှောင်ကျင့်ထျင်သည် ဝိုင်ရောင်းရန် ရံဖန်ရံခါ ထွက်လာတတ်ပြီး လမ်းတစ်လျှောက်တွင် ကျင့်ကြံမှုအထောက်အကူပစ္စည်းများကို ဝယ်ယူခဲ့သည်။
ရှောင်ကျင့်ထျင်သည် သူ၏ကျောက်စိမ်းနေရာလွတ်ထဲသို့ စိတ်ဝိညာဉ်ကျောက်စိမ်း ဒါဇင်ပေါင်းများစွာကို ထည့်ခဲ့သည်။
ရွှီမုရန်က အခန်းအတွင်းသို့ဝင်သွားကာ ရှောင်ကျင့်ထျင်ကိုကြည့်ပြီး မေးလိုက်သည်။ " စိတ်ဝိညာဉ်ကျောက်စိမ်းအားလုံးကို အဲဒီအထဲကို ထည့်လိုက်ပြီးပြီလား? "
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး နာကျင်မှုအချို့နဲ့ပြောလိုက်တယ် " အင်း၊ အခုမှ ရောက်တဲ့ဟာတွေအကုန်လုံး ရေထဲမျောပါသွားသလိုပါပဲ " ကျောက်စိမ်းနေရာလွတ်သည် အမှန်တကယ်ပင် ငွေများစွာကုန်ကျခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း၊ ရာနှင့်ချီသော စိတ်ဝိညာဉ်ကျောက်စိမ်းများကို ၎င်းထဲသို့ထည့်ခဲ့သည်။
VOUS LISEZ
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualitéBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...
