Chapter 91: Leave Mocheng

3.6K 523 26
                                    

Unicode

ဤပြိုင်ပွဲတွင် အဓိကမိသားစုလေးခုမှ မျိုးဆက်သစ်လူငယ်များဖြစ်သော ပါရမီရှင်များစွာကိုဆုံးရှုံးလိုက်ရပြီး သဲကန္တာရမြို့သူမြို့သားများမှာ သက်ပြင်းသာချခဲ့ကြသည်။

ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် ချီကျင့်ကြံမှု၏ သတ္တမအဆင့်သို့ တက်လှမ်းခဲ့သော သတင်းကြောင့် သဲကန္တာရမြို့၌ နောက်ထပ်ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

ကန္တာရမြို့သည် အရည်အချင်းနည်းပါးသော မြို့ငယ်လေးတစ်ခုမျှသာဖြစ်သည်။ မူလက ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် သဲကန္တာရမြို့၏ အထူးချွန်ဆုံးလူငယ်များမဟုတ်သော်လည်း သူတို့၏အရည်အချင်းများ​ကြောင့် လမ်းမများပေါ်တွင် ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။

စွင်းချီသည် လမ်းပေါ်ရှိမှတ်ချက်များကို မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် နားထောင်နေသည်။ " ကျန်း​​ကော၊ သူတို့ပြောတာမှန်တယ်လို့ မင်းထင်လား? "

" သတင်းတွေက နေရာအနှံ့ပျံ့​နေပြီ အတုလုပ်လို့မရဘူး။ " ကျန်းလီမင်က ပြောသည်။

ကျန်းမိသားစုမှ​စေလွှတ်လိုက်သော လူများမှာယခုတစ်ကြိမ် အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။ ပြိုင်ပွဲဝင်သူများသည် ပြင်းထန်လွန်းပြီး ကျန်းမိသားစုကဲ့သို့ ဉာဏ်ကြီးရှင်များကိုစေလွှတ်သည့် မိသားစုများသည် သုတ်သင်ခံရလုနီးပါး ဖြစ်နေခဲ့သည်။

ရှောင်လင်ဖုန်းနှင့် ဝမ်လုတို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့် ရှောင်မိသားစုသည် မိသားစုကြီးလေးခုတွင် နံပါတ်တစ်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် ထွန်းတောက်ကြယ်ပွင့်များဖြစ်ကြသော ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့နှင့်အတူ ၎င်းတို့၏ ရပ်တည်ချက်သည် ပို၍ပင်လုံခြုံလာခဲ့သည်။

စွင်းချီက သူ့ခေါင်းကိုခါလိုက်ပြီး " ရှောင်ကျင့်ထျင်က ဒီလောက်အထိလုပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ "

ဘယ်လိုပဲကြည့်ကြည့်၊ ဟာသတစ်ခုလိုပါပဲ။ ရှောင်ကျင့်ထျင်က ဘယ်လိုလူလဲ? မိုက်မဲစွာပြုမူတတ်ပြီး တစ်ချိန်လုံး လမ်းပေါ်တွင် လျှောက်သွားနေတတ်သည်။ ရလဒ်အနေနဲ့ ဒီလူဟာ ကန္တာရမြို့ရဲ့ မျိုးဆက်သစ် လူငယ်ကြယ်ပွင့်ဖြစ်လာပြီး သဲကန္တာရမြို့ရှိ လူငယ်များရဲ့ စံပြဖြစ်လာခဲ့၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now