Chapter 98: Star City

5.6K 537 12
                                        

Unicode

ရှောင်ချင်းယန်သည် ဒေါသတကြီးဖြင့် ရှောင်ကျင့်ထျင်၏ အခန်းမှ ထွက်ခွာသွားခဲ့ပြီး‌ အဆုံးမဲ့ စိတ်ပျက်အားငယ်ခြင်းကိုသာ ခံစားနေရသည်။

ရှောင်ကျင့်ထျင်သည် သဲကန္တာရမြို့မှ ထွက်ခွာသွားသောအခါတွင် သူသည် အဖျော်ယမကာဆိုင်ကို ၎င်း၏အစ်ကိုဖြစ်သူ ရှောင်ကျင်းဖုန်းထံ လွှဲပြောင်းပေးခဲ့သည်။ ရှောင်ချင်းယန်သည် ဘာမှမရရှိခဲ့ပါချေ။

နောက်ဆုံးတွင် သူသည် မျက်နှာကို ငုံ့ရှိုးပြီး သူ့မိဘများကို စည်းရုံးကာ ရှောင်ကျင်းဖုန်းထံမှ ရေခဲနှလုံးသားဆေးကို တောင်းပေးပါရန် တောင်းဆိုခဲ့သည်။ သို့သော် ရှောင်ကျင်းဖုန်းက ဆေးအားအသုံးပြုပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့လေ၏။

နောက်ထပ်တစ်လကြာပြီးနောက် မုရှူးယွီသည် ချီကျင့်ကြံဆင့်၏ သတ္တမအဆင့်သို့ ရောက်ရှိခဲ့သည်။ မုရှူးယွီသည် ချီကျင့်ကြံဆင့် သတ္တမအဆင့်သို့ ဝင်ရောက်ပြီးနောက် သူသည် အဆင့်မြင့် ဝိညာဉ်အပင်များကို ပြင်းပြင်းထန်ထန် စိုက်ပျိုးခဲ့ပြီး ဝင်ငွေများ မြန်ဆန်စွာ ရရှိခဲ့လေသည်။ ရှောင်ကျင်းဖုန်းနှင့် မုရှူးယွီတို့၏ အရည်အချင်းသည် သဲကန္တာရမြို့တစ်ခွင်မှာ အသိအမှတ်ပြုခံခဲ့ရလေသည်။

ရှောင်ချင်းယန်သည် သူ့မိဘများ ရှောင်ကျင်းဖုန်းထံမှ ရေခဲနှလုံးသားဆေးကို တောင်းခဲ့ချိန်က ထိုဆေးအား အသုံးမပြုရသေးကြောင်းကို ကောင်းစွာသိသည်။ ချီကျင့်ကြံဆင့် ဆဋ္ဌမအဆင့်သာရှိသေးသော မုရှူးယွီအတွက် ၎င်းကိုသောက်သုံးရန် မဖြစ်နိုင်ပေ။

ရှောင်ကျင်းဖုန်း မိုက်မဲလိုက်တဲ့ကောင်! သူသည် ၎င်းကို သူ့အစ်ကိုကြီးအစား အပြင်လူကို ပေးချင်နေ‌၏။ သူ့မိဘတွေကလည်း အစွမ်းကုန် မကြိုးစားကြပေ။ အကယ်၍ သူတို့သာ ဖိအားပေးခဲ့လျှင် ရှောင်ကျင်းဖုန်းသည် ထိုဆေးလုံးကို ထုတ်ပေးရန် လိုပေလိမ့်မည်။

ရှောင်ကျင်းဖုန်းနဲ့ ရှောင်ကျင့်ထျင်သည် သူ့ကို အစ်ကိုကြီးတစ်ယောက်အနေနှင့် မမှတ်ယူပါတော့ချေ။ သူ့အပေါ်ထားတဲ့ သူ့မိဘတွေရဲ့ သဘောထားကလည်း မတူတော့ချေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTahanan ng mga kuwento. Tumuklas ngayon