Chapter 101: Xianmen difficult to enter

5.4K 491 13
                                        

Unicode

“ဖေဖေ၊ အဲဒီကောင်မလေး အရွေးခံရမယ်လို့ ထင်လား?” ရှောင်ရှောင်ဖန်က မေးရင်း ခြေထောက်ကိုလှုပ်လိုက်သည်။

ရှောင်ကျင့်ထျင်က သူ့ပုခုံးကိုတွန့်လိုက်ပြီး “ဖေဖေလည်း အဲဒါကို မသိဘူး” လို့ပြောလိုက်သည်။ တိမ်တိုက်စိမ်းအမတဂိုဏ်းကဲ့သို့ မြင့်မြတ်သောဂိုဏ်းအတွက် သတ်မှတ်ချက်မှာ အလွန်မြင့်မားနိုင်သည်။

ရှောင်ရှောင်ဖန်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး “တိမ်တိုက်စိမ်းအမတဂိုဏ်းမှာ အနှစ်နှစ်ထောင်ကျော် နေထိုင်ခဲ့တဲ့ မိစ္ဆာကောင်ကြီးတွေ ရှိတယ်လို့ အဲဒီမိန်းကလေးက ပြောတယ်”

ရွှီမုရန်သည် ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်ကာ တွေးလိုက်မိသည်။ အုတ်မြစ်ချအဆင့်ကျင့်ကြံသူသည် သက်တမ်းနှစ်ပေါင်း ၂၀၀ ၊ ရွှေအမြုတေအဆင့်သည် နှစ် ၅၀၀ နှင့် အခြေတည် ဝိညာဉ်အဆင့်သည် နှစ် ၂၀၀၀ နေထိုင်နိုင်ကြသည်။ ဒါပေမယ့် သဲကန္တာရမြို့တော်မှာ အုတ်မြစ်ချအဆင့်ကျင့်ကြံသူတောင် မရှိခဲ့ပေ။

အရင်တုန်းက ဘဝမှာ အခက်အခဲပြဿနာများစွာရှိခဲ့တာကြောင့် ရွှီမုရန်ဟာ အုတ်မြစ်ချတည်ဆောက်ခြင်းအဆင့် အကြောင်းကိုတောင် မတွေးမိတာ သဘာဝပါပင်။ ယခုမူ ရွှီမုရန်သည် အုတ်မြစ်ချတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာရန် မတောင့်တဘဲမနေနိုင်တော့ပေ။ သူတို့မှာ ရွေးချယ်ခွင့်သာရှိခဲ့ရင် ဘယ်သူက ကောင်းကောင်းမွန်မွန်ဘဝကို မဖြတ်သန်းချင်ဘဲ နေနိုင်မှာပါလဲ?

ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်ရဲ့အမှားကို ပြင်ပေးပြီး “အဲဒါက မိစ္ဆာကောင်ကြီးတွေမဟုတ်ဘူး၊ စီနီယာအကြီးအကဲတွေပဲ၊ ဘယ်သူ့မှ မကြားမိစေနဲ့”

အခြေတည်အဆင့်ကျင့်ကြံသူများသည် လက်တစ်ဖက်ထဲဖြင့် ကောင်းကင်ကို ဖုံးလွှမ်းကာ မိုးရွာသွန်းစေနိုင်သည်။ တိမ်တိုက်စိမ်းအမတဂိုဏ်းကလူတွေကိုသာ သူကြားခွင့်ပေးလိုက်လျှင် သူ့အသက်လေးပါ ပျောက်သွားပေလိမ့်မည်။

နှစ်ပေါင်းရှစ်ထောင်၊ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိ လိပ်တစ်ကောင်၊ အနှစ်နှစ်ထောင်ကြာအောင် အသက်ရှင်နိုင်သော ကျင့်ကြံသူတစ်ယောက်၊ တကယ်ကို ကြောက်စရာကောင်းသလို ထိုရှည်လျားသော သက်တမ်းမှာ တကယ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now