Chapter 35: Second Brother's Engagenment Being Broken Off

6.7K 1K 5
                                    

Unicode

" ကျိုးခန်းချီက ဘာကြောင့် ငါ့ရဲ့ ဒုတိယအစ်ကိုကို အခုလိုအပြစ်ပုံချတာလဲ။ သူတို့ကြားမှာ အငြိုးရှိလို့လား? " ရှောင်ကျင့်ထျင်က မေးသည်။

" မင်းရဲ့ ဒုတိယအစ်ကိုက စွင်း​မြောင်ယင်နဲ့ စေ့စပ်ထားတာ။ ကျိုးခန်းချီရဲ့အစ်ကို ကျိုးခန်းဟယ်နဲ့ စွင်း​မြောင်ယင်တို့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကိုကြားထားတယ်။ "လို့ ရွှီမုရန်ကပြော၏။

ရှောင်ကျင့်ထျင်သည် မျက်လုံးများကိုကျဥ်း​​မြောင်းလိုက်သည်။ ရှောင်ကျင့်ထျင်သည် စွင်း​မြောင်ယင်ကို ယခင်ကမြင်ဖူး၏။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမှတ်တရများကိုအခြေခံရ​သော် ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်သောရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ရှောင်ကျင်းဖုန်း၏ အရည်အချင်းသည် ကောင်းမွန်သော်လည်း စွင်း​မြောင်ယင်သည် သစ်သားအရည်အချင်းမရှိသော ရှောင်ကျင်းဖုန်းကို လွန်စွာနှစ်သက်ခြင်းမရှိပေ။

အရင်တုန်းက မူလပိုင်ရှင်၏မိဘတွေ အနားမှာရှိနေတုန်းက စွင်း​မြောင်ယင်ဟာ ရှောင်ကျင်းဖုန်းကို ဝန်လေးစွာနဲ့ လက်ခံခဲ့တာ ဖြစ်နိုင်ပါတယ်။ သို့သော် ယခုအခါ မူလပိုင်ရှင် မိဘများ အသက်ရှင်နေသေးသလား၊ သေသွားပြီလား မသိနိုင်သောကြောင့် စွင်း​မြောင်ယင်သည် မူလက မထီမဲ့မြင်ပြုခဲ့သော ရှောင်ကျင်းဖုန်းအား သဘာဝအတိုင်းတွေးတောမနေတော့ပေ။

" မင်းရဲ့အစ်ကိုနဲ့ ဖုန်းရွှယ်အာ ဆက်ဆံရေးရှိခဲ့တယ်လို့ သတင်းရပြီးတဲ့နောက် စွင်းမိသားစုက မင်းရဲ့အစ်ကိုနဲ့ စွင်း​မြောင်ယင် စေ့စပ်ထားတာကို ဖြတ်တောက်လိုက်တယ်။ စွင်းမိသားစုက မင်းအစ်ကိုနဲ့ ဖုန်းရွှယ်အာတို့ကြားက ကိစ္စမှာပါဝင်ပတ်သက်နေတာ ဖြစ်နိုင်တယ်လို့ငါထင်တယ်။ " ရွှီမုရန်က​ပြောသည်။

" သစ်ပင်ပြိုကျသောအခါ မျောက်များလွင့်ပျံသွားသည်- (အဓိပ္ပာယ်မှာ- ထောက်ခံသူဆုံးရှုံးခြင်း၊ မိသားစု သို့မဟုတ် အခြေအနေ ပြိုလဲသောအခါထွက်ပြေးသွားခြင်း) တံတိုင်းပြိုကျတော့မည်ဆိုပါက လူတိုင်းကတွန်းအားပေးကြသည်။ (အဓိပ္ပါယ်မှာ- လူတိုင်းသည် နှိမ့်ချသောသူကို ထိမှန်သည်) " ဟု ရှောင်ကျင့်ထျင်က ဆိုသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora