Chapter 2: Have a meal together

9K 1.1K 6
                                    

Unicode

ရှောင်ကျင့်ထျင်သည် ချက်ထား​သောဂျုံယာဂုကို ပန်းကန်တစ်ခုထဲသို့ ဖြည့်လိုက်၏။ သူ့ကိုလူဆိုးတစ်​ယောက်လိုမျိုး ချောင်းကြည့်နေတဲ့ မျက်လုံး​တွေက​တော့ ထမင်းပန်းကန်ကို စူးစိုက်ကြည့်ရင်း မလှုပ်​တော့တာကို သတိပြုမိလိုက်သည်။

​ရှောင်ကျင့်ထျင်က ပန်းကန်လုံးသေးသေးလေးထဲတွင် ဂျုံယာဂုကို ထပ်ဖြည့်ပြီး ​ရှောင်​ရှောင်ဖန် ဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။

​ရှောင်ကျင့်ထျင်ရဲ့ လှုပ်ရှားမှုတွေကို မြင်လိုက်ရပြီး​နောက် ​ရှောင်​ရှောင်ဖန် ကထိတ်လန့်တကြား ပြန်ဖြစ်သွား၏။

​ရှောင်ကျင့်ထျင်က ​ရှောင်​ရှောင်ဖန် လှုပ်ရှားတာကိုကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။ ​ရှောင်​ရှောင်ဖန်၏ ဦးခေါင်းတွင် အနည်းငယ်ပြဿနာတက်သွားသော်လည်း အကျိုးအမြတ်ကိုရှာရန်နှင့် အန္တရာယ်ကိုရှောင်ရှားရန် ဗီဇ​လေး​တော့ရှိသေးသည်။ မူလပိုင်ရှင်က ကလေးကို မကြာခဏ ရိုက်နှက်​တတ်တယ်။ ​ရှောင်ကျင့်ထျင် သူ့နဖူးကို ပွတ်လိုက်မိသည်။ ဒီလို​မျိုးတစ်ခြားသူတစ်ယောက်အဖြစ် စတင်ဖို့ သူဘာကြောင့် ရောက်ရှိလာလဲ မ​တွေးတတ်​တော့​ပေ။

​ရှောင်ကျင့်ထျင်သည် ဂျုံယာဂုကို စားပွဲ​ပေါ်သို့ ယူဆောင်လာပြီး တစ်ပန်းကန်လုံး စားလိုက်တယ်။ တံခါးက အဟလေးတစ်ခုပွင့်သွား​လေ၏။ ​ရှောင်​ရှောင်ဖန်မှာ ဆာလောင်မှုကို မခံစားနိုင်သဖြင့် အခန်းထဲသို့ပြေးဝင်လာ​လေသည်။

ရှောင်ကျင့်ထျင်သည် ​ရှောင်​ရှောင်ဖန်၏ မျှော်လင့်နေသော မျက်နှာငယ်လေးကို ကြည့်လိုက်ပြီး ​ပွေ့ချီ၍ ထိုင်ခုံပေါ် တင်​ပေးလိုက်သည်။

​ရှောင်​ရှောင်ဖန်၏ ဖာထေးထားသော အဝတ်အစားများကို ကြည့်ရင်း ​ရှောင်ကျင့်ထျင်ရဲ့ နှလုံးသား​လေး ချဉ်လာမိသည်။

မူလပိုင်ရှင်သည် အပြင်မှ အစားအသောက်များကို မကြာခဏ အိမ်ပြန်ယူလာတတ်သည်။ မူလ​ပိုင်ရှင် ပြန်ယူလာတတ်​သော အစားအစာများ၏ ​သွေး​ဆောင်မှုကို ရှော​င်​ရှောင်ဖန်မှာ မခံနိုင်​ပေ။ မူလပိုင်ရှင်က စိတ်အ​ခြေအ​​နေကောင်းသည့်အချိန်တွင် ​ရှောင်​ရှောင်ဖန်ကို နည်းနည်းလောက်ပေး၏။ သူစိတ်ဆိုး​နေချိန်တွင်မူ ​ရှောင်​ရှောင်ဖန်ကို ရိုက်​ပေလိမ့်မည်။ မူလ​ရှောင်ကျင့်ထျင်မှာ စိတ်ဆိုး​​နေချိန်က ပိုများ​ပေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now