Chapter 125 : Trapped

1.8K 232 5
                                    

Unicode

ရှောင်ကျင့်ထျင်၏ဂူအိမ်နေထိုင်ရာတွင်။

"လော့ဖုန်းမြို့လား?" ရှောင်ကျင့်ထျင်က မေးသည်။

ရွှီမုရန်က ခေါင်းညိတ်ပြပြီး "စုံစမ်းပြီးသွားပြီ အဲ့ဒီနေရာပဲ"

တိမ်တိုင်ကြီးကို ဖြောင့်မတ်သောဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများအဖြစ် ပိုင်းခြားထားသည်။ တိမ်တိုက်စိမ်းအမတဂိုဏ်းသည် သဘာဝအားဖြင့် ဖြောင့်မတ်သူများနှင့် သက်ဆိုင်ပြီး လော့ဖုန်းမြို့သည် ဖြောင့်မတ်ခြင်းဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းနှစ်ခု၏ လမ်းဆုံတွင်တည်ရှိသည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် အဆုံးမရှိငြင်းခုံမှုများရှိခဲ့ပြီး လော့ဖုန်းမြို့‌၌ မရေမတွက်နိုင်သောရတနာများရှိသည့် လျှို့ဝှက်လှိုဏ်ဂူတစ်ခုရှိသည်ဟု ဆိုကြသည်။ အစောပိုင်းတွင် ဂိုဏ်းကလူအုပ်စုများစွာကို စေလွှတ်ခဲ့သော်လည်း ကံမကောင်းစွာပဲ ထိုလူများအားလုံး ပင်လယ်ထဲသို့ နစ်မြုပ်သွားသည့်ကျောက်တုံးများကဲ့သို့ပင် ပျောက်ဆုံးသွားခဲ့သည်။

"ရှောင်ဖန်က အုတ်မြစ်ချအဆင့်ကို အခုမှရောက်တာလေ၊၊ သူ့ကို ဘယ်လိုတာဝန်ပေးအပ်နိုင်ရတာလဲ?" ရှောင်ကျင့်ထျင်က မျက်နှာပျက်စွာဖြင့် ပြောလိုက်သည်။

ရွှီမုရန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး "ဂိုဏ်းက ရှောင်ဖန်ကို သံသယဖြစ်နေမှာ ငါကြောက်တယ်"

ရွှီမုရန်သည် အနည်းငယ် ဒေါသမထွက်ဘဲမနေနိုင်တော့ပေ။ သူ၏သားသည် ဝိညာဉ်အမြစ်တစ်ခုတည်းရှိပြီး မည်သည့်နေရာတွင်မဆို လေ့ကျင့်သင်ကြားရန်သာ အဓိကအာရုံစိုက်သင့်သည်။ သို့သော် ပထမဦးစွာ သူ့သားသည် သူ့ခန္ဓာကိုယ်ဆုံးရှုံးနိုင်ခြေနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုအခါ အန္တရာယ်ကြီးသော တာဝန်တစ်ခုကိုထမ်းဆောင်ရန် စေလွှတ်ခံရပြန်သည်။

ပိုင်လီကျန်း ကွယ်လွန်သွားသော်လည်း ပိုင်မိသားစုဝင်အများအပြားသည် ဂိုဏ်းထဲတွင် ရှိနေကြသောကြောင့် ထိုလူများက ပိုင်လီကျန်း အတွက်လက်စားချေမည်ကို သူကြောက်သည်။

"ရှောင်ဖန် ထွက်သွားတော့မယ်လို့ ကိုယ်ကြားတယ်။ ကိုယ့်တာဝန်ကို လွှဲပေးပြီး လိုက်ကြည့်ရမယ်" ဟု ရှောင်ကျင့်ထျင်က ပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now