Unicode
လဲ့ရွှမ်သည် သူ၏ ပျံသန်းနေသောဓားကို ထိန်းချုပ်ကာ ရှောင်ရှောင်ဖန်ကို သူ၏ ဂူအိမ်သို့ လိုက်ပို့ခဲ့သည်။
ဂူအိမ်သို့ ရောက်သောအခါ ရှောင်ရှောင်ဖန်၏ ဂူရှေ့တွင် လူတစ်ယောက် ရပ်နေပြီဖြစ်ကြောင်း သူတို့နှစ်ဦး တွေ့လိုက်ရသည်။ ဧည့်သည်ကိုမြင်လိုက်ရတော့ ရှောင်ရှောင်ဖန်ဟာ နေမထိထိုင်မသာဖြစ်သွားပုံရသည်။
"ရှောင်ဖန်..မင်းဘယ်ကိုထွက်ပြေးနေတာလဲ?" ပိုင်ကျင့်ဖန်းက ပြင်းပြင်းထန်ထန် မေးလိုက်၏။
ရှောင်ရှောင်ဖန်က အနည်းငယ် ဝေဝါးစွာပြောသည်။
"ကျွန်တော်အပျော်ရှာဖို့ ထွက်သွားတာ"
အုတ်မြစ်ချအဆင့်အလယ်အလတ်တွင်ရှိသော ပိုင်ကျင့်ဖန်းသည် ပိုင်လီကျန်း၏မြေးဖြစ်သည်။ ပိုင်လီကျန်းသည် တံခါးပိတ်ကျင့်သွားပြီးနောက် ရှောင်ရှောင်ဖန်၏ ကျင့်ကြံမှုကို စောင့်ကြည့်ရန် ပိုင်ကျင့်ဖန်းအား အပ်နှင်းခဲ့သည်။
ပိုင်ကျင့်ဖန်းက ရှောင်ရှောင်ဖန်ရဲ့ ဦးတည်ရာကို ထပ်မမေးတော့ဘဲ "မင်းအသက်က မငယ်တော့ဘူး၊ ဒါပေမယ့် မင်းက တစ်နေ့တာလုံးပျော်ဖို့ကိုပဲ အာရုံစိုက်နေတုန်းပဲ။ ကျင့်ကြံဖို့ ကြိုးစားအားထုတ်ခြင်းကသာ မှန်ကန်တဲ့အရာဖြစ်တယ်။ ငါ့အဘိုးက မင်းအတွက် ဘယ်လောက်ကြိုးစားခဲ့ရလဲ? ဒါပေမယ့် သူ့မျက်စိကွယ်ရာရောက်သွားတဲ့အခါ မင်းက နေ့တိုင်းပဲ ကစားနေတယ်။ မင်းရဲ့ အရည်အချင်းကောင်းတွေကို အလဟသ ဖြုန်းတီးနေတာဘဲ"
ရှောင်ရှောင်ဖန်သည် ခေါင်းကို ရှက်ရွံ့စွာ ငုံ့ကာ သူ့နှလုံးသား တင်းမာသွားသည်။
"စီနီယာဦးလေးပိုင်၊ ရှောင်ဖန်က အလုပ်အရမ်းကြိုးစားနေပါတယ်။ တင်းတင်းကျပ်ကျပ် ကျင့်ကြံခိုင်းတာက မကောင်းဘူး။ အလုပ်နဲ့ အနားယူမှု နှစ်မျိုးစလုံး လိုအပ်တယ်" ဟု လဲ့ရွှမ်က ကူညီရန် ကြိုးစားလိုက်သည်။
ပိုင်ကျင့်ဖန်းက လဲ့ရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး
"လဲ့ရွှမ်ပဲ! လဲ့ရွှမ် မင်းက အုတ်မြစ်ချအဆင့်ကို တက်တော့မှာဆိုတော့ ကျင့်ကြံနေသင့်တယ်။ နေ့တိုင်း ဘာတွေ လျှောက်လည်နေတာလဲ?"

ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...