Chapter 102: About Pigu

2.3K 314 9
                                    

Unicode

အိုးယန်တိသည် သူမဆီသို့ လျှောက်လာသည်ကို တွေ့သောအခါ အိုးယန်ကျင်းက “အဘိုးတိ” ဟုကြောက်လန့်တကြား အော်လိုက်သည်။

အိုးယန်တိသည် မြို့သခင်အိမ်တော်က အုတ်မြစ်ချအဆင့်ကျင့်ကြံသူဖြစ်သည်။ မူလက အုတ်မြစ်ချအဆင့်ကျင့်ကြံသူ ငါးဦးရှိသော်လည်း ယခုအခါ အုတ်မြစ်ချအဆင့်ကျင့်ကြံသူ လေးဦးသာကျန်ခဲ့သည်။ သူတို့ထဲက တစ်ယောက်မှာ အိုးယန်တိဖြစ်ပြီး သူ့အဆင့်အတန်းက မြင့်မားလေသည်။ အိုးယန်ကျင်းကို မြို့သခင်မိသားစုတွင် လျစ်လျူရှုထားလေ့ရှိပြီး အိုးယန်တိသည် သူမကဲ့သို့ ကိုယ်လုပ်တော်သမီးကို ဘယ်သောအခါမှ အာရုံစိုက်မည်မဟုတ်ပေ။ သို့သော် အိုးယန်တိက သူမအား အာရုံစိုက်နေသည်ကို ရုတ်တရက်မြင်လိုက်ရသောအခါ သူမသည် အနည်းငယ်မနေတတ်တော့ပေ။

အိုးယန်တိက အိုးယန်ကျင်းကို ကြည့်လိုက်ပြီး ရှောင်ကျင့်ထျင်ကို လက်ညှိုးထိုးပြကာ “အဲဒီလူကို သိလား?” လို့ မေးလိုက်သည်။

အိုးယန်ကျင်းက ဘာကြောင့်‌မေးမှန်းမသိပေမယ့် သူမက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့! သိပါတယ်” ဟုဖြေလိုက်သည်။

“သူက ဘယ်မိသားစုကလဲ? သူ့မိသားစုက အကြီးအကဲတွေမှာ ဘယ်လိုကျင့်ကြံဆင့်မျိုးရှိလဲ?” အိုးယန်တိက မေးသည်။

အိုးယန်ကျင်းက လေးလေးစားစားဖြင့် “သူက သဲကန္တာရမြို့ ရှောင်မိသားစုက လာတာပါ။ ဒါပေမယ့် သူတို့က မိသားစုငယ်လေးဖြစ်ပြီး သူတို့မိသားစုကအမြင့်ဆုံး ကျင့်ကြံသူကတော့ ချီကျင့်ကြံဆင့်ရဲ့ နဝမအဆင့်မှာပဲ ရှိပါတယ်” အိုးယန်တိသည် ရှောင်ကျင့်ထျင်ကို အဘယ်ကြောင့် စိတ်ဝင်တစားရှိနေသလဲဆိုသည်ကို သူမ အနည်းငယ် စိတ်ရှုပ်နေသော်လည်း အိုးယန်ကျင်းက အမြန်ပြန်ဖြေလိုက်သည်။

“မိသားစုမှာ အမြင့်ဆုံး ကျင့်ကြံသူက ချီကျင့်ကြံဆင့်ရဲ့ နဝမမြောက်အဆင့်မှာပဲ ရှိတာလား?” အိုးယန်တိက မေးသည်။

အိုးယန်ကျင်းက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့!”

“ဒါဆို အဲဒီလူမှာ မိသားစု ထောက်ပံ့မှု မရှိဘူးပဲ၊ သူ့ရဲ့ ကျင့်ကြံတဲ့အရည်အချင်းကောင်းတွေကြောင့်သာ ဒီအထိရောက်နေတာကိုး....” အိုးယန်တိက ပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTahanan ng mga kuwento. Tumuklas ngayon