Chapter 17: Found a thief

6.7K 1K 11
                                    

Unicode

ရှောင်ကျင့်ထျင်က ရွှီမုရန်ထက်နောက်ကျမှ ပြန်လာခဲ့သည်။ရှောင်ကျင့်ထျင် ပြန်ရောက်တာနဲ့ ခြံဝင်းထဲတွင် စပျစ်သီးအစည်း 20 နီးပါး ပျောက်ဆုံးနေတာကိုတွေ့လိုက်ရ၏။

ရှောင်ကျင့်ထျင်သည် ခြံဝင်းအတွင်းရှိ စပျစ်နွယ်ပင်များကို ကြည့်လိုက်သောအခါ " စပျစ်သီးခိုးခြင်း " သည် ရှောင်​ရှောင်ဖန်၏လက်ရာဖြစ်ကြောင်း သူသိလိုက်သည်။

ခြံဝင်းထဲက ရာနဲ့ချီတဲ့စပျစ်သီးတွေဟာ တကယ်တော့ ဒါဇင်အနည်းငယ် ဒါမှမဟုတ် အစည်းနှစ်ဆယ်လောက်ကမသိသာပေမယ့် စပျစ်သီးခူးတဲ့လူက လောဘကြီးလွန်းပြီးရှာရခက်သည့် အ​ရောင်​တောက်​တောက်တစ်နေရာထဲကိုပဲ ကြည့်ရင်းခူးသွားသည်။

ရှောင်ကျင့်ထျင်ကလွတ်နေသော စပျစ်နွယ်ပင်ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ အဲဒီမှာ စပျစ်သီးတွေဟာ အရှည်ဆုံးနဲ့ အစိမ်းလန်းဆုံးဖြစ်ပေမယ့် အခုတော့ဗလာဖြစ်ခဲ့ပါပြီ။

ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏ လှုပ်ရှားမှုကို တိတ်တဆိတ် သတိပြုမိလိုက်ပြီး ခေါင်းကိုလှည့်ကာ ရှောင်​ရှောင်တုန်ကို စိုးရိမ်တကြီးကြည့်ပြီး " အဖေ သိသွားပုံရတယ်၊ ဒါ​ပေမယ့် ငါ့ကို ရိုက်ဖို့လာမှာမဟုတ်လောက်ပါဘူး "

" မင်းက စပျစ်သီးကောက်ဖို့ တစ်နေရာထဲကိုပဲစိုက်ကြည့်နေတာ၊ ဘယ်သူက အရမ်းမိုက်မဲတာလဲ။ " ရှောင်​ရှောင်တုန်က ဒေါသတကြီးပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က သူ့လက်ကိုဆွဲကိုင်လိုက်ပြီး
" အဲဒီနေရာက စပျစ်သီးတွေက အကြီးဆုံးပဲ! "

ရှောင်​ရှောင်တုန်က ရှောင်​ရှောင်ဖန်ကို ဒေါသတကြီးစိုက်ကြည့်ပြီး " မင်းပြောရဲသေးတာပဲ "

ရှောင်​ရှောင်ဖန်သည် ဉာဏ်ရည်မမှီသော်လည်း သူက အလွန်စိတ်လှုပ်ရှား​နေပြီး စပျစ်သီးသည် အရသာရှိကြောင်းတွေ့ရှိခဲ့၏။ ရှောင်​ရှောင်ဖန်က ရှောင်​ရှောင်တုန်ကို အတူတူစားဖို့ ပြောလိုက်သည်။ ရှောင်​ရှောင်တုန်ကလည်း အရသာရှိတာကို သိလိုက်ပြီး နောက်ထပ်နှစ်စည်းကို ရွေးချယ်ဖို့စေတနာဖြင့်လိုက်ပါခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းحيث تعيش القصص. اكتشف الآن