Chapter: 95 Alchemy

6K 559 11
                                        

Unicode

ပီဖုန်းကျောင်းတော်။

"အိုးယန်ကျင်းယွဲ့ သွားပြီလား?" မော့ပေက မေးသည်။

အိုးယန်ကျင်းက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

"အင်း!" မူလက သူမသည် အိုးယန်ကျင်းယွဲ့နှင့် ဆက်ဆံရေးတည်ဆောက်ရန် ဤအခွင့်အရေးကို ရယူချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အိုးယန်ကျင်းယွဲ့ သည် အခြားသူများကို အမြဲအလေးအနက်ထားခဲ့သော်လည်း သူမအား လုံးဝအလေးအနက်မထားခဲ့ပေ။

အိုးယန်ကျင်းယွဲ့အကြောင်းကိုတွေးရင်း အိုးယန်ကျင်းက သက်ပြင်းအနည်းငယ်ချရန် မ​နေနိုင်တော့ပေ။ တစ်ချို့လူတွေက တခြားသူတွေထက် အမြဲပိုသာလွန်တတ်ကြပြီး ယင်းကဒေါသထွက်စရာပင်။

တူညီသော အိုးယန်မိသားစု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် အိုးယန်ကျင်းယွဲ့သည် သူမ လိုချင်သမျှကို ရနိုင်သော်လည်း သူမကမူ လိုအပ်သော အရင်းအမြစ်အားလုံးအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။ လူအားလုံးက သူမအား အမြဲအထင်သေးကြ၏။

"ဒါ ရှောင်ကျင့်ထျင်မဟုတ်ဘူးလား?" အိုးယန်ကျင်းက အံ့အားသင့်စွာ အဝေးကိုလှမ်းကြည့်လိုက်သည်။

မော့ပေက ခေါင်းညိတ်ပြီး "ဟုတ်တယ်! ရှောင်ချင်းယန်ရဲ့ ညီက ပီဖုန်းကျောင်းတော်က ကျောင်းသားဖြစ်ပုံမပေါ်ပါဘူး။ သူဘာလို့ဒီကိုရောက်နေတာလဲ"

"နေရာမှားတာတော့ မဖြစ်နိုင်ဘူး" အိုးယန်ကျင်းကပြောသည်။

ရှောင်ကျင့်ထျင်သည် ကံကောင်းပြီး ချီကျင့်ကြံခြင်း သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ကျောင်းတော်သည် ထိုကဲ့သို့ အသက်ကြီးနေပြီဖြစ်သော သူကို လက်ခံမည်မဟုတ်တော့ပေ။

"ရှောင်ကျင့်ထျင်ရဲ့သားက အရည်အသွေးညံ့တဲ့ ကျောက်တုံးတစ်တုံးကိုဝယ်ပြီး ဆေးဝိညာဉ်ပိုးကောင်ကို ရခဲ့တယ်လို့ ကြားတယ်။ သူက အဲဒါကို ဝိညာဉ်ကျောက်တုံး တစ်ဒါဇင်ကျော်နဲ့ လဲလှယ်ခဲ့ပြီး အုတ်မြစ်ချကျင့်ကြံသူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခဲ့တယ်ဆိုပဲ" မော့ပေက ပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now