Chapter 50: Fined

6K 867 13
                                    

Unicode

မုရှူးယွီ၏အိမ်ထောင်ရေးကို နှောင့်နှေးအောင် မလုပ်နိုင်ခဲ့သောကြောင့် ရှောင်ကျင့်ထျင်နှင့် အခြားသူများ တောတွင်းသို့ စောစောဝင်ရောက်ခဲ့သည်။

ရှောင်ကျင့်ထျင်သည် ယခင်က တောတွင်းသို့ လည်ပတ်ခဲ့ဖူးသော်လည်း အစွန်နားကိုသာရောက်ဖူးသည်။ ယခု သူတို့သည် တောနက်ထဲသို့ နက်ရှိုင်းစွာလျှောက်သွားနေကြရာ ရှောင်ကျင့်ထျင်သည် အနည်းငယ်စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ရှောင်ကျင်းဖုန်းသည် ရှေ့တွင်ရှိနေပြီး ရှောင်ကျင့်ထျင်သည် အလယ်တွင်ရှိကာ ရွှီမုရန်က နောက်မှလိုက်ပါလာပြီး ၎င်းတို့ကို စောင့်ရှောက်ထားသည်။

" ရှေ့ဆိုရောက်တော့မယ်၊ သတိထားပါ။ " ရှောင်ကျင်းဖုန်းက ပြောသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြောတယ် " ကောင်းပြီ! နတ်ဆိုးသားရဲတွေရဲ့အသိုက်တွေအနီးအနားမှာ အဖိုးတန်ဆေးဖက်ဝင်အပင်တွေ ရှိတတ်တယ်ဆိုတာ ငါကြားဖူးတယ်။ "

ရှောင်ကျင်းဖုန်းက ခေါင်းညိတ်ပြီး " ဒါအမှန်ပဲ " လို့ပြောလိုက်သည်။

" ဒီမှာ ငါတို့နေမယ်။ " ရှောင်ကျင်းဖုန်းက လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ သစ်ပင်ပေါ်ကို ခုန်တက်လိုက်သည်။

" ဒီဝါးကြွက်တွေကို ပစ်လိုက်။ " ရှောင်ကျင်းဖုန်းသည် အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ပြောလိုက်၏။

ရှောင်ကျင့်ထျင်သည် ထိုစကားကိုကြားသောအခါ ဘောလုံးအရွယ်အစားရှိ ဝါးကြွက်အနည်းငယ်ကို လွှတ်ပေးခဲ့သည်။

ဝါးကြွက်များ ထွက်လာသည်နှင့် တပြိုင်နက် ပြန့်ကျဲသွားကာ ချက်ချင်းထွက်ပြေးသွားကြသည်။

ရှောင်ကျင့်ထျင်နဲ့ တခြားသူတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင်း အသက်ရှုရပ်မတတ်ဖြစ်​နေသည်။

အချိန်အတော်ကြာပြီးနောက်တွင် ဦးချိုတစ်ခု၊ အနက်ရောင်အ​မွှေးနှင့် ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်အရှည် နှစ်မီတာရှိသော နတ်ဆိုးသားရဲတစ်ကောင် ပြေးထွက်လာခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now