Chapter 115: Grafting

1.5K 212 3
                                    


Unicode

ရှောင်ကျင့်ထျင်သည် မကျန်းမမာဖြစ်နေသော ပိယွိ မက်မွန်ပင်အနည်းငယ်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

ပိယွိ မက်မွန်ပင်၏ အဓိကကိုယ်ထည်သည် ပင်စည်ပေါ်တွင် အက်ကြောင်းများစွာဖြင့် အလွန်ပါးလွှာနေသည်။ အကိုင်းအခက်များပေါ်တွင် ရှိနေသော သေးငယ်သောအသီးအနှံအချို့သည် အာဟာရချို့တဲ့နေပုံရသည်။

ရှောင်ကျင့်ထျင်သည် ပိယွိ မက်မွန်ပင်ပေါ်၌ ဝိညာဉ်စွမ်းအားများစွာကို အသုံးပြုခဲ့သော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။

ရှောင်ကျင့်ထျင်က သူ၏ ဝိညာဉ်စွမ်းအင်သည် ပိယွိမက်မွန်ပင်၏ကိုယ်ထည်သို့ အလိုအလျောက် သက်ရောက်ကြောင်း တွေ့ရှိခဲ့ပြီး ပိယွိမက်မွန်ပင်၏ ပင်မဝင်ရိုးတွင် စုပ်ယူထားသော ဝိညာဉ်စွမ်းအင်အားလုံးကို ပေါက်ကြားစေသည့် လမ်းကြောင်းတစ်ခုရှိနေသည်။ ပင်စည်သည် ဖျားနာနေသောကြောင့် အကိုင်းအခက်များသည် သဘာဝအတိုင်းမရှင်သန်နိုင်ဘဲ သေးငယ်သော အသီးအနှံများကိုသာ သီးနိုင်သည်။ ထိုတာဝန်ကိုခံယူပြီးနောက် ရှောင်ကျင့်ထျင်သည် မက်မွန်တောထဲတွင် တစ်နေကုန်နေခဲ့ပြီး နေရာလွတ်အတွင်းရှိ ဝိညာဉ်စမ်းရေကိုပင် အသုံးပြုကာ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း တိုးတက်မှုမရှိခဲ့ပေ။

ရှောင်ကျင့်ထျင်သည် အရင်ကမ္ဘာမြေကြီးပေါ်တွင် သူသင်ယူခဲ့သော ပညာရပ်များကို စိုက်ထုတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ပထမဦးစွာ သူသည် ပွိယွိမက်မွန်သီး၏ အမျိုးရင်းအချို့ကို စိုက်ပျိုးပြီးနောက် ပွိယွိမက်မွန်သီး၏ အကိုင်းအခက်များကို အခြားအပင်များသို့ အစားထိုး စိုက်ပျိုးရန် တွေးလိုက်မိသည်။ ၎င်းကိုမလုပ်ခင် ရှောင်ကျင့်ထျင်က အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်၏။

"မင်း အချိန်မီ ပြန်လာတာပဲ။ မဟုတ်ရင် မင်းကိုရှာဖို့ လူလွတ်တော့မလို့" ရွှီမုရန်သည် ရှောင်ကျင့်ထျင်ကိုတွေ့သောအခါ အလွန်ဝမ်းသာသွားသည်။

ရွှီမုရန်ကိုကြည့်လိုက်ပြီး ရှောင်ကျင့်ထျင်က "တစ်ခုခုဖြစ်ခဲ့တာလား?"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now