Chapter 119: Jealous

1.2K 187 2
                                    


Unicode

အိုးယန်ကျင်းယွဲ့သည် ရောက်လာသူကို လှည့်၍ကြည့်ကာ အနည်းငယ် ညည်းညူစကား ပြောလိုက်သည်။

"ဘာလို့နောက်ကျနေတာလဲ! ငါနင့်ကို စောင့်နေတာ ကြာပြီ"

ရှောင်ရှောင်တုန်က "မင်းကို စောင့်ခိုင်းစေမိတာ တောင်းပန်ပါတယ်"

"မင်းအဝတ်အစားက ဘာဖြစ်နေတာလဲ? ပြဿနာတစ်ခုခု ကြုံခဲ့တာလား?" အိုးယန်ကျင်းယွဲ့က သံသယစိတ်ဖြင့် မေးလိုက်သည်။

"လူမိုက်တစ်ယောက်နဲ့တွေ့ခဲ့တာ.. သူက ဘာမပြော ညာမပြောနဲ့ ရုတ်တရက်ကြီး တိုက်ခိုက်ခဲ့တာလေ" ရှောင်ရှောင်တုန်သည် ထိုလူ၏ သူ့အပေါ် ရန်လိုမုန်းတီးမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့် မတော်တဆ လုံးဝမဟုတ်ကြောင်း သိသည်။

"အဲ့ဒါက ဘယ်သူလဲ?" အိုးယန်ကျင်းယွဲ့က မေးသည်။

"ချီကျင့်ကြံဆင့်နဝမအဆင့်က အမျိုးသားကျင့်ကြံသူတစ်ယောက်ပဲ။ မိုက်မဲတဲ့ဝက်ဝံနဲ့တူပြီး လျှပ်စစ်မိုးကြိုးကို သုံးတယ်" ရှောင်ရှောင်တုန်က ခပ်တိုတိုပြောလိုက်သည်။

"လဲ့ရွှမ်... နင် သူနဲ့တွေ့ခဲ့တာလား?" အိုးယန်ကျင်းယွဲ့က အံ့အားသင့်စွာပြောသည်။

ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး "ဟုတ်မယ်ထင်တယ်၊ သူက ဘယ်လိုကောင်လဲ?"

"အဲဒီကောင်ရဲ့ မူလဇစ်မြစ်က နည်းနည်းဆန်းတယ်။ တိမ်တိုက်ကြီးက မိသားစုကြီးဖြစ်တဲ့ လဲ့မိသားစုမှာ မွေးဖွားခဲ့တယ်။ လဲ့မိသားစုမှာ မိုးကြိုးဝိညာဉ်ရှိတဲ့လူအများအပြားရှိပြီး လဲ့ရွှမ်က လေနဲ့မိုးကြိုးဝိညာဉ်အမြစ်နှစ်ခုရှိတဲ့လူပဲ။ သူ့မှာ ပြင်းထန်တဲ့ တိုက်ပွဲစွမ်းအားတွေရှိပြီး အမတဂိုဏ်းက သူ့ကို ပြုစုပျိုးထောင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတာ" အိုးယန်ကျင်းယွဲ့က မနာလိုစိတ်ဖြင့် ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲလာသော ဝိညာဉ်အမြစ်များသည် ခိုင်မာသော်လည်း အလွန်ရှားပါးသည်။ လဲ့မိသားစုတွင်၊ သွေးရင်း သို့မဟုတ် အခြားအကြောင်းများကြောင့် မိသားစုတွင် လူများစွာသည် မိုးကြိုးဝိညာဉ်အမြစ်များပါရှိကြသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora