Chapter 37: Second Brother's Shock

6.2K 1K 5
                                    

Unicode

ရှောင်ကျင့်ထျင်က အလုပ်စလုပ်သည်နှင့် ညနေစောင်းတဲ့အထိ မရပ်ပေ။ " ဒုတိယအစ်ကို တောင်းပန်ပါတယ်.... အလုပ်များလာတဲ့အခါ မင်းကိုမေ့သွားတယ်။ "

ရှောင်ကျင်းဖုန်းက ရှောင်ကျင့်ထျင်ကို ပြုံးပြီးပြောတယ်
" အဆင်​ပြေပါတယ်၊ အဖေနဲ့အမေက ဒီမှာရှိနေရင် မင်းအရမ်းစိတ်အားထက်သန်လာတယ်ဆိုတာ သိရရင်အရမ်းဝမ်းသာသွားလိမ့်မယ်။ "

ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" မင်း ကွင်းပြင်မှာ မင်းရဲ့ စိတ်ဝိညာဥ်နည်းစနစ်ကို သရုပ်ဖော်နေချိန်မှာ လူတော်တော်များများက မင်းကို စောင့်ကြည့်နေကြတာ။ " ရှောင်ကျင်းဖုန်းက ပြောသည်။

ရှောင်ကျင့်ထျင် အနည်းငယ် အံ့သြသွားကာ " ဒီ​နေရာမှာလား? "

" ဟုတ်တယ်! သူတို့ထဲက တော်တော်များများက ကောင်လေးတွေ၊ ကောင်မလေးတွေပဲ၊ အားလုံးက မင်းကိုသဘောကျနေပုံရတယ်။ တတိယညီလေး၊ မင်းက အခုလူအများရဲ့ရင်ထဲမှာ စံပြလက်တွဲဖော်ဖြစ်နေပြီ။ " ဟု ရှောင်ကျင်းဖုန်းက​ပြောသည်။

ရှောင်ကျင့်ထျင်က ခေါင်းခါလိုက်ပြီး " ဒုတိယအစ်ကို၊ မင်းက ကျွန်တော့်ကို နောက်​နေတာပဲ " လို့ပြောလိုက်၏။

" အဲ့ဒါမမှန်ဘူးလား။ " ရှောင်ကျင်းဖုန်းက ပြောသည်။

" ကျွန်တော့်မှာ မိန်းမနဲ့ သားသမီးရှိပါတယ်။ အခု ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့ငွေရှာချင်တယ်၊ အဲဒါအပြင် ဘာကိုမှမတွေးဝံ့တော့ဘူး။ " ရှောင်ကျင့်ထျင်က တိုးတိုးလေးပြောလိုက်သည်။

ရှောင်ကျင့်ထျင်၏ စကားကိုကြားတော့ ရှောင်ကျင်းဖုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

" ဒုတိယအစ်ကို၊ မင်းပြောစရာရှိရင် ပြောပါ။ အစ်ကို ကျွန်တော့်ကို တစ်ခုခုပြောဖို့စောင့်နေတာ ကျွန်တော်မြင်တယ်။ " ရှောင်ကျင့်ထျင် စိတ်ရှုပ်သွားသည်။

ရှောင်ကျင်းဖုန်း ခဏတုံ့ဆိုင်းသွားပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ " စွင်း​မြောင်​မြောင်က ရှောင်မုဟုန်ကို လက်ထပ်တော့မယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now