Chapter 19: Redeem Zhong Tian

7.3K 1K 17
                                    

Unicode

နွားလှည်းသည် မြို့ပြင်တွင်ရပ်သွားကာ လူတိုင်းတယောက်ပြီးတယောက် ဆင်းလာကြသည်။ ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့လည်းစျေးဆိုင်တစ်ခုငှားရန် မြို့တွင်းသို့ဝင်သွားကြသည်။

ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်သည်စျေးထဲတွင် အနည်းငယ်ရှက်နေကြသော်လည်း ရှောင်​ရှောင်ဖန်က သူ့အရည်အချင်းများကို ပြသရန် အချိန်တန်ပြီဟုယူဆကာ " စပျစ်သီးတွေရောင်းတယ်၊ စပျစ်သီးတွေရောင်းတယ် " ဟု အော်ပြောနေလေသည်။

ရှောင်​ရှောင်ဖန်က အလွန်အံ့သြစရာကောင်းသောကြောင့် အရေပါးသော ရှောင်ကျင့်ထျင်သည် ရှောင်​ရှောင်ဖန်ကို ချက်ချင်းမတူကွဲပြားစွာဆက်ဆံခဲ့သည်။

ရှောင်ကျင့်ထျင်က ရှောင်​ရှောင်ဖန်ကို သဘောကျတာမြင်သောအခါ ရှောင်​ရှောင်တုန်က သူ့နှလုံးသားထဲမှာ မနာလိုဖြစ်ပြီး စိုးရိမ်နေပေမယ့် ရှောင်​ရှောင်ဖန်လိုမျိုး မအော်နိုင်ခဲ့ပါပေ။ သူ့နှလုံးသားကစိုးရိမ်နေပေမယ့် သူ့မျက်နှာသေးသေးလေးက တောင့်တင်းနေပြီး ရှောင်ရှောင်​ရှောင်ဖန်က​တော့ အနည်းငယ်ရယ်မောနေပုံရသည်။

ရှောင်​ရှောင်ဖန်က အရမ်းချစ်စရာကောင်း​သော​ကြောင့် အမျိုးသမီးအများအပြားရောက်လာပြီး ဈေးမေးကြသည်။ ကြေးပြား ၂၅၀ ကျသင့်ကြောင်းကြားသိရပြီးနောက် ချက်ချင်းပင်ကြောက်ရွံ့သွားခဲ့သည်။

ရှောင်ကျင့်ထျင်က စိတ်မဆိုးဘဲ စပျစ်သီးအနည်းငယ်လှီးဖြတ်ကာ လူများကို မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်ပြီးနောက်ဆုံးတွင် စျေးကွက်ဖွင့်ခဲ့သည်။

သို့သော် စပျစ်သီးသည် အရသာမရှိဘဲ စျေးကြီးသည်ဟု လူအများကထင်မြင်ယူဆကြသည်။ နံနက်ခင်းတွင် ရှောင်ကျင့်ထျင်သည် အစည်း 30 ကျော်သာရောင်းချခဲ့၏။ ရှောင်ကျင့်ထျင်က စျေးနှုန်းကိုလျှော့ချရန် ဆန္ဒမရှိဘဲ၊ ဤစျေးနှုန်းကို လက်ခံမည့်သူများသည် ဤအဆင့်နိမ့်ဈေးကွက်တွင် ရောနှောခြင်းမရှိကြဟုယူဆထားသည်။ ထို​ကြောင့်အ​ရောင်းအဝယ် အခြေအနေက နည်းနည်းအေးသွား၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now