Chapter 116: Family Meeting

1.2K 191 4
                                    


Unicode

ရှောင်ကျင့်ထျင်သည် မက်မွန်ဥယျာဉ်ရှိ မက်မွန်ပင်များကို ဂရုတစိုက်ကြည့်ရှုနေပြီး ရှောင်ရှောင်တုန်သည် အိုးယန်ကျင်းယွဲ့အနားတွင် အကူလက်ထောက်ဖြစ်လာခဲ့သည်။

အိုးယန်ကျင်းယွဲ့သည် သူမရှေ့တွင် ဘာအမူအရာမှ မရှိသော ဆယ်နှစ်ဝန်းကျင်ကောင်လေးကိုကြည့်ပြီး "ငါ နင့်ကို မတွေ့ရတာ နှစ်အနည်းငယ်ကြာနေပြီ၊ ဒါပေမယ့် နင်ကပိုချောလာတယ်!"

ရှောင်ရှောင်တုန်သည် အိုးယန်ကျင်းယွဲ့ကို ဖျတ်ခနဲကြည့်လိုက်ပြီး "မင်းရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။ ငါ ရှောင်ဖန်ကို ဘယ်တော့တွေ့နိုင်မလဲ?"

အိုးယန်ကျင်းယွဲ့က စိတ်မကောင်းစွာနဲ့ ခေါင်းခါလိုက်ပြီး "တကယ်တော့ ရှောင်ဖန်ကို ငါတောင် တွေ့ရခဲတယ်"

သူမသည် ပြင်ပဂိုဏ်း၏ သာမာန်တပည့်တစ်ဦးဖြစ်နေစဉ်တွင် ရှောင်ရှောင်ဖန်သည် ရွှေအမြူတေအဆင့်ကျင့်ကြံသူ၏ တပည့်ဖြစ်နေခဲ့သည်။ သူတို့၏ အဆင့်အတန်းက မိုးနှင့်မြေလိုကွာခြားလှသည်။ ရှောင်ရှောင်ဖန်သည် အမတဂိုဏ်းကို စတင်ဝင်ရောက်လာသောအခါတွင် သူသည် သူမနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ သို့သော်၊ အမတဂိုဏ်းတွင် အချိန်အတော်ကြာရှိပြီးနောက်၊ သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်သူငယ်ချင်းများ ရှိလာကြပြီး သူတို့၏ ဆက်ဆံရေးသည် ပို၍ပို၍ ဝေးကွာလာခဲ့သည်။

ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး "ဒီလိုလား?!"

"နင် အခုဘယ်အဆင့်ရောက်ပြီလဲ?" အိုးယန်ကျင်းယွဲ့က စိတ်ဝင်တစားမေးသည်။

"ဘာလို့ ဒီလိုမေးတာလဲ?" ရှောင်ရှောင်တုန်သည် အိုးယန်ကျင်းယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

အိုးယန်ကျင်းယွဲ့က ပုခုံးတွန့်ပြီး "ငါ သိချင်လို့ပေါ့!"

ရှောင်ရှောင်တုန်သည် ခေါင်းငုံ့ကာ စကားမပြောပေ။ အမတဂိုဏ်းသို့ မရောက်မီတွင် ရှောင်ရှောင်တုန်သည် သူ၏ကျင့်ကြံဆင့်ကို ချီကျင့်ကြံဆင့်၏ ပဉ္စမအဆင့်အထိ ဖိနှိပ်ထားခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now