Chapter 149 : Being Warned

673 133 2
                                    

Unicode

"စီနီယာအစ်ကိုချောင်.. မင်း အဆင်ပြေရဲ့လား?" ချောင်ရှန် ဒေါသတကြီးထွက်လာတာမြင်တော့ ဝူလီက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။

ချောင်ရှန်က ဒေါသတကြီးဖြင့် "အဆင်ပြေတယ်။ စီနီယာမုယွင်က ငါ့ကို ကူညီဖို့ မဖြစ်နိုင်ဘူး။ သူက ရှောင်မိသားစုက ညီအကိုသုံးယောက်နဲ့ ဆက်ဆံရေးကောင်းရှိလို့ ငါတို့တခြားနည်းနဲ့ ကြိုးစားကြည့်သင့်တယ်"

ဝူလီ ခဏလောက် အေးခဲသွားပြီး "ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရှောင်မိသားစုက လူတွေက အစွမ်းထက်လှချည်လား? ချန်လီဖုန်းနဲ့ ဆက်ဆံရေးကောင်းရုံတင်မကဘဲ စီနီယာမုနဲ့လည်း ဆက်ဆံရေးကောင်းတယ်"

ချောင်ရှန်က သူ့ဘေးနားက ကျောက်တုံးကို လက်သီးနဲ့ ထိုးလိုက်တာကြောင့် ချက်ချင်းပဲ အပိုင်းပိုင်းကွဲသွားလေသည်။ ချောင်ရှန်က ဒေါသအပြည့်ဖြင့် ကျိန်ဆဲလိုက်၏ "သေစမ်း!"

ချန်ရွှိ၏ကိစ္စကြောင့် ချန်လီဖုန်းသည် ရှောင်ကျင့်ထျင်၏မိသားစုအပေါ် အလွန်အကောင်းမြင်လာပုံရသည်။ ယခုရလဒ်အနေဖြင့် မုယွင်သည်လည်း ရှောင်ကျင့်ထျင်၏မိသားစုနှင့် ရင်းနှီးလာခဲ့သည်။ ရှောင်မိသားစုကကောင်တွေက ဘာတွေထူးခြားနေလို့လဲ?

ချောင်ရှန်သည် ဤကာလအတွင်း သူရရှိခဲ့သော ဆက်ဆံမှုကို စဉ်းစားသောအခါတွင် သူ စိတ်ဓာတ်ကျသွားသည်။

အိမ်ထဲတွင် မုယွင်နှင့် ရှောင်ရှောင်ကျင့်တို့သည် စိတ်ပါလက်ပါ စကားပြောနေကြသည်။

"ရှောင်ကျင့် မင်းရဲ့အစ်ကိုအကြီးဆုံးက ဇနီးရဖို့ လွယ်မယ်ထင်လား?" မုယွင်က စိတ်ဝင်တစား မေးသည်။

ရှောင်ရှောင်ကျင့်က ခေါင်းညိတ်ပြီး "သူ့အတွက် ဇနီးရဖို့ လွယ်လိမ့်မယ်!"

"ဘာကြောင့်လဲ?" မုယွင်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။

"အစ်ကိုကြီးက ငွေရှာတာ အရမ်းတော်တယ်။ အစ်ကိုကြီးနောက်ကိုလိုက်မယ်ဆိုရင် ကောင်းကောင်း စားသောက်နိုင်တယ်။ သူက ချမ်းသာတယ်လေ" ဟု ရှောင်ရှောင်ကျင့်က ဆိုသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now