Chapter 150 : Learning to cook

950 148 6
                                    

Unicode

လဲ့ရွှမ်က ရှောင်ရှောင်တုန်နဲ့ ချန်ရွှိကို သံသယဖြစ်စွာကြည့်ရင်း "မင်းတို့နှစ်ယောက် ဘယ်သွားမလို့လဲ?"

"အနောက်ဘက်တောင်တန်းမှာ အမဲလိုက်မလို့" ရှောင်ရှောင်တုန်က မထူးခြားသလို ပြောလိုက်သည်။

လဲ့ရွှမ်သည် ချန်ရွှိကို ကြည့်ပြီးနောက် ရှောင်ရှောင်တုန်ကိုကြည့်ကာ တုံ့ဆိုင်းစွာဖြင့် "မင်းက သူ့ကို အဲဒီကို ခေါ်သွားမလို့လား?"

ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!"

လဲ့ရွှမ်သည် ခေါင်းကိုက်စွာဖြင့် ချန်ရွှိကို ကြည့်ကာ သူ့နဖူးကို လက်ဖြင့် မသိမသာ ပွတ်လိုက်သည်။

ချန်ရွှိက သူ့ခေါင်းကို ငုံ့ထားပြီး အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့်

"ငါ့ကို အဲဒီလို မကြည့်ပါနဲ့! ငါက အုတ်မြစ်ချအဆင့်ရောက်နေပြီ။ ချီကျင့်ကြံဆင့် ကျင့်ကြံသူ တော်တော်များများတောင် အဲဒီကို သွားကြတယ်လို့ ငါကြားတယ်"

လဲ့ရွှမ်၏ တုံ့ပြန်မှုကို ကြည့်ရင်း ချန်ရွှိ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူ့မိဘတွေက အစောကြီးဆုံးပါးသွားတဲ့အတွက် သူ့အဘိုးက သူတစ်ခုခုဖြစ်သွားမှာကို ကြောက်ပြီး သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူသည် အုတ်မြစ်ချအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း နတ်ဆိုးသားရဲများစွာကို မသတ်ဖူးသေးပါ။

လဲ့ရွှမ်က ရယ်ပြီး "ဒါပေါ့ ဒါပေါ့..."

"မင်းတို့ ဘယ်သွားကစားမလို့လဲ ငါလည်း မင်းတို့နဲ့လိုက်ခဲ့မယ်" ရှောင်ရှောင်ဖန်က ခုန်ထွက်လာပြီး ပြောလေသည်။

ချန်ရွှိက စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်! လူတွေအများကြီးဆို ပိုပျော်ဖို့ကောင်းလိမ့်မယ်!"

လဲ့ရွှမ်က ခဏစဉ်းစားလိုက်ပြီး "ဒါဆို ငါလည်း လိုက်မယ်" ဟု ပြောခဲ့သည်။

"အားလုံးသွားရအောင်" ရှောင်ရှောင်တုန်က ပြောသည်။

ရှောင်ရှောင်ဖန်က ချန်ရွှိကို ကြည့်ပြီး "ချန်သခင်လေး မင်း နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖူးလား?" ဟုမေးလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora