Chapter 142: Muyun's Disease

1.1K 168 3
                                    

Unicode

ရှောင်ရှောင်တုန် အနားက ကြက်ကလေးက အော်မြည်နေသည်။

ရှောင်ရှောင်ကျင့်သည် မျက်နှာကို လက်ဖဝါးဖြင့်အုပ်ကာ ငုတ်တုတ်ထိုင်ရင်း ရှောင်ရှောင်တုန်၏ကြက်ငယ်ကို ကြည့်လိုက်သည်။ "အစ်ကိုကြီး မင်းရဲ့ကြက်က အဆီတွေတက်လာပုံရတယ်"

"အများကြီးစားပြီး လုံးဝ မကြီးထွားဘူးဆိုရင် အစားအသောက် ဖြုန်းတီးတာပဲမဟုတ်လား? ဒီသောက်ကြက်က ငါ့ပိုင်ဆိုင်မှုတွေအကုန်စားနေတော့မှာပဲ" ဟု ရှောင်ရှောင်တုန်က ပြောလိုက်သည်။

"အစ်ကိုကြီး.. ဒီကြက်က တကယ်အများကြီးစားနိုင်လား?"

ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!" သူသည် ဤကြက်ကို တောင်ပေါ်ခေါ်ပြီး သူ့ဟာသူ အစာရှာစားခိုင်းပေသည်။ သို့မဟုတ်လျှင် သူသည် ဤကြက်မိုက်ကြောင့် ဆင်းရဲမှာ သေချာပါသည်။

"အစ်ကိုကြီး.. မင်းရဲ့ ကြက်က ဘာအကြောင်းပြောနေတာလဲ?" ရှောင်ရှောင်ကျင့် မေးလိုက်သည်။

"သူအရမ်းစားမိလို့ စိတ်မကောင်းဖြစ်မိတယ်လို့ပြောပြီး ငါ့ကိုပြန်ဆပ်ဖို့ကြိုးစားမယ်တဲ့" လို့ ရှောင်ရှောင်တုန်ကပြောလိုက်သည်။

ရှောင်ရှောင်ကျင့်က "အစ်ကိုကြီး၊ မင်းရဲ့ဝိညာဉ်သားရဲကို ကောင်းကောင်း သင်ပေးခဲ့တာပဲ။ မင်းရဲ့သားရဲက အရမ်းလိမ္မာတယ်"

ကြက်ကလေးက ခုန်ပေါက်လိုက်ပြီး သူ့ပါးစပ်က 'ဟန့်ဟန့်' ဆိုပြီး အသံများထွက်လာသည်။

ရှောင်ရှောင်တုန်သည် ကြက်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး တွေးလိုက်သည် : 'ဒီကြက်က တကယ်ကို အာရုံမစိုက်ဘူး' သူသည် ဤကြက်ကလေးကို အစာနှင့် အခြားလိုအပ်ချက်များအတွက် ထောက်ပံ့ပေးခဲ့ပြီး ယခုတော့ ကြက်ကလေးသည် ၎င်းအား များများပိုကျွေးရန် ဝင်ငွေမရှာသည့် သူ့ကို မကြိုက်တော့ဘဲ ၎င်းအား ဈေးပေါသောအစားအစာများ ကျွေးခြင်းကိုလည်း မကြိုက်တော့ပါချေ။ အကယ်၍ သူသည် နေ့တိုင်း ပျံလွှားငှက် ဆယ်ကောင် သို့မဟုတ် ရှစ်ကောင်ကို စားနိုင်လျှင် သူသည် အနည်းငယ်နိမ့်သော နတ်ဆိုးသားရဲများကိုလည်း စားနိုင်မည်ဖြစ်သည်။ ဟာသပဲ! ဒီလိုနတ်ဆိုးသားရဲမျိုးကို ဒီနေရာမှာ မတွေ့ရဘူး!

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora