Chapter 139: Xu Muan's doubt

1.2K 181 3
                                    

Unicode

"ဘဏ္ဍာစိုးချိုးမှာ ပိယွိမက်မွန်ဘုရင်ရှိတယ်ဆိုတာ ငါကြားတယ်။ အဲဒါကို ဝယ်ချင်ပါတယ်။ ဈေးက အရေးမကြီးပါဘူး" ဟု မုယွင်က ပြောသည်။

ချိုးယွင်က "မရောင်းဘူး" ဟု ဂရုမစိုက်သလို ပြောသည်။

မုယွင်က မျက်မှောင်ကြုတ်ပြီး ဆို၏။ "မင်းကို ငါမဖုံးကွယ်ထားပါဘူး ဘဏ္ဍာစိုးချိုး။ ဒီပိယွိမက်မွန်ဘုရင်က ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဒါကြောင့် ဘဏ္ဍာစိုးချိုးက ငါ့ကို ရောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"အရေးကြီးတာလား? ဘယ်လောက်အရေးကြီးတာလဲ? ပိယွိမက်မွန်ဘုရင်မှ မရရင် ကျင့်ကြံသူမုက သေမှာလား? မင်းအရမ်းတက်ကြွနေပုံရတယ်၊ လွယ်လွယ်နဲ့တော့ မသေနိုင်ပါဘူး။ ငါ ဒီပိယွိမက်မွန်ဘုရင်နဲ့ အသက်တစ်ချောင်းကို ကယ်တင်မလို့" ဟု ချိုးယွင်က အုံ့မှိုင်းတဲ့ အသံနဲ့ ပြောလိုက်သည်။

မုယွင်က စူးစမ်းလိုစိတ်ဖြင့် မေး၏။ " ဘဏ္ဍာစိုးချိုး ဒီ ပိယွိမက်မွန်ဘုရင်ကိုသုံးပြီး ကယ်တင်မယ့်သူကို ပြောပြနိုင်မလား?"

ချိုးယွင်က ပြုံးပြီး ဖြည်းညင်းစွာဆိုသည် "ကမ္ဘာကြီး
ဟာ အုတ်မြစ်ချအဆင့်မှာ ပိတ်မိနေတဲ့လူတွေနဲ့ ပြည့်နေပြီး တစ်လက်မလောက်တောင် မတိုးတက်နိုင်ပါဘူး။ ဒီပိယွိမက်မွန်ဘုရင်က ရွှေအမြုတေအဆင့်ကို ရောက်စေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့်မို့လို့ ဒီ ပိယွိမက်မွန်ဘုရင်ကို နှောင်းပိုင်းအုတ်မြစ်ချအဆင့်ရှိတဲ့ လူတစ်ယောက်ကို ပေးလိုက်ရင် တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိုက်တာပဲလေ"

ရှောင်ကျင့်ထျင် "....." ချိုးယွင် ခင်ဗျား အရိုက်ခံချင်နေတာလား? အစောပိုင်း ရွှေအမြုတေအဆင့်တွင်ရှိနေသည့် ချိုးယွင်သည် နှောင်းပိုင်းရွှေအမြုတေအဆင့် ကျင့်ကြံသူအား ဤကဲ့သို့ပြောနေခြင်းသည် အရိုက်ခံရမည်ကို အမှန်တကယ်မကြောက်ရွံ့ခြင်းပင် ဖြစ်သည်။

"ဘဏ္ဍာစိုးချိုး ငါ့ရဲ့ဆရာဦးလေးက မီးအဆိပ်ကို ခံစားနေရတယ်၊ ဒါကြောင့် မင်း ဒီသစ်ပင်ကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ အကယ်၍ လူတစ်ယောက်က ရွှေအမြုတေအဆင့်ကို တက်လိုရင် ပိယွိမက်မွန်ဘုရင် မလိုအပ်ပါဘူး" စိတ်အားထက်သန်မှုအပြည့်ဖြင့် ဆေးဝိညာဉ်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦး ပြေးလာသည်။ ထို့နောက် သူမသည် မုယွင်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်ကာ ချိုးယွင်အား မျှော်လင့်ချက်ကြီးစွာဖြင့် ပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now