တစ်ခါတုန်းက ကျွန်တော် ကံကြမ္မာကို ဖီဆန်ချင်ခဲ့ဖူးပြီး ဒီလိုအကျင့်ပျက်နေတဲ့ဘဝမှာ နေလိုစိတ်မရှိခဲ့ပေမယ့် ကမ္ဘာကြီးက ကျွန်တော့်ကို သတ္တိရှိရှိနဲ့ မနာမခံဖြစ်ခွင့်မပေးလေဘူး။
____________________________________
ငိုကြွေးတယ်ဆိုတာက ကလေးတစ်ယောက်အတွက် ပထမဆုံးအသွင်ဖြစ်တယ်ဆိုပါက နာမည်ဆိုတာကလဲ ဒီကမ္ဘာကြီးကိုသူတို့လာခဲ့တဲ့အခါ ရရှိခဲ့တဲ့ ပထမဆုံးသော လက်ဆောင်မွန်တစ်ခုသာ။
တချို့အဖွင့်တွေမှာ ဆုမွန်ကောင်းတွေရှိကြသလို၊ တချို့ကျတော့ ထိခိုက်နစ်နာရတဲ့ အံ့ဩသင့်စရာတွေ... တချို့ကျပြန်တော့လဲ.... သောက်ချီးလိုတွေပင်။
နင်းယွိ မိမိနာမည်ကို သောက်ကျိူးနည်းတယ်လို့တော့ မပြောလို။ နင်းယွိ ၊ ယွိပေလင်း၊ ယွိချန်ချန် .... အားလုံးကအဓိပ္ပာယ်ကောင်းတွေမို့... နင်းယွိကို နာမည်ပေးစဉ်မှာ ဒါတွေကို ထည့်စဉ်းစားဖို့တော့ မလိုပေမယ့် မစ္စနင်းကတော့ " မပျော်မရွှင်နဲ့ ဆန္ဒမရှိ" တာဖြစ်နေလောက်မည်။
ပြောတာကတော့ နာမည်က အကောင့်မှတ်ပုံတင်တဲ့ နေ့အထိ မရှိဖြစ်ခဲ့တာကြောင့် နှစ်စက္ကန့်လောက်အချိန်ယူပြီး ဒါကိုစဉ်းစားတာကလွဲ သူမမှာ ရွေးစရာမရှိခဲ့တာဖြစ်ပေမည်။ နင်းယွိနာမည်ကို နင်းဝူဝူတို့၊ နင်းအမှိုက်တို့ မပေးလိုက်တာကိုပဲဝမ်းသာရမည်ဖြစ်၏။ မဟုတ်ရင် လူ့အဖွဲ့အစည်းထဲမှာ ဆက်လျှောက်လှမ်းဖို့ နင်းယွိအတွက် ပိုခက်ခဲနေလောက်မှာပင်။
ပြီးတော့ သူမ နင်းယွိကို အရမ်းမုန်းတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက စခဲ့တာဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ရဲ့ တစ်နေ့တုန်းက သေစေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိူးက ရုတ်တရက်ကြီး ကမ္ဘာကိုကျူးကျော်ဝင်ရောက်လာခဲ့သည်။
မျောက်ဝံတွေကနေ ဟိုမိုစဖီးယန်းတွေအဖြစ် ဆင့်ကဲပြောင်းလဲဖို့ရာ လူသားတွေအတွက် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရတာကြောင့် ဒါဝင်*တောင် သေချာပေါက်ကို စိတ်ကူးကြည့်နိူင်တဲ့ အရာမဟုတ်။ဒါတွေအတွက် C20 လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကနေ အနှောင့်အယှက်ပေးတာကပဲ နှစ်တစ်ရာလောက်အချိန်ကြာခဲ့ရသည်။ လူသားတွေရဲ့ အစီအစဉ်တကျ ဆင့်ကဲပြောင်းလဲမှုတွေကြောင့် c20 ဟာ ရုတ်တရက် လမ်းရှင်းရှင်းကို ရှောင်ထွက်သွားပြီး အမျိူးအမည်မသိ၊ကြမ်းတမ်း၍အန္တရာယ်ရှိသော လမ်းကို စတင်ခဲ့လေသည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ