အန်ကယ်ရှောင်းရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်။ သူ့မှာက ရှန်းတန်ရဲ့ပင်ကိုလက္ခဏာတွေရှိတယ်။
~~~~~~~~~~~~~~~~~~~~~~
ရာသီဥတုကြောင့်ပေလား၊ ကိုယ်ဝန်ကြောင့်ပေလားမသိ။ နင်းယွီ နှာခေါင်းသွေးမယိုတာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီပေမယ့် ရုတ်တရက်ကြီး နှာခေါင်းသွေးယိုလာသည်။ သွေးတွေက အဝတ်ထဲကို စီးကျသွား၍ သွေးစက်တွေက ဇီးသီးနီတွေအလား။ နင်းယွီ လက်ကိုသုတ်ပစ်လိုက်ပြီး အခန်းထဲကို သွားကာ အဝတ်အစား အသစ်လဲလိုက်သည်။
သွေးခဲနှုန်းက နည်းနည်း နှေးနေသည်။ ဆယ့်ငါးမိနစ်လောက်ကြာမှ နင်းယွီ တသျှူးယူ၍ စမ်းကြည့်ရာ သွေးထွက်နေသေးတုန်းပင်။ ထို့ကြောင့် နင်းယွီဆိုဖာပေါ်မှာ မလှုပ်မယှက်အိပ်လိုက်ပြီး သွေးဖြည်းဖြည်းချင်း တိတ်သွားမှာကို စောင့်နေမိ၏။
အရင်ကလေးတုန်းက ဒီလိုမျိူး ရုန်းကန်ရသည်မရှိခဲ့။ သူက မိမိဗိုက်ထဲမှာ လိလိမ္မာမ္မာလေးနေပြီး၊ တိတ်လွန်းလို့ရှိမှန်းပင်မသိခဲ့ရကာ ငါးလလောက်ထိ တာသွားမှသာ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေမှန်း သဘောပေါက်ခဲ့ရပေသည်။
အခု စုန့်ပေါလောင်ရဲ့ နင်းယွီရဲ့ ဒိုင်ယာရီကိုရသွားပြီး ကလေးရှိမှန်းသိသွားချေပြီ။ တစ်ချက်ပဲကြည့်ရုံဖြင့် မိမိရဲ့ လျှို့ဝှက်ချက်မှန်သမျှ သူသိသွားပြီဖြစ်ကြောင်း သိရသည်။ သူ့ရှေ့မှာ လူတစ်ကိုယ်လုံး ဘာအကာအကွယ်မှမပါဘဲ ဗလာကျင်းနေသည့်အတိုင်း။ သို့ပေမယ့် သေချာစဉ်းစားကြည့်ပါလျှင် အရင်အချိန်မှာ နင်းယွီတို့ဟာ အထင်လွဲမှားမှုတွေကိုဘယ်တုန်းကမှမဖြေရှင်းခဲ့ပါဘဲ ဆက်ဆံရေးကို ရင်ကြားစေ့ဖို့အတွက်လဲ မလုပ်ခဲ့ကြသည်ဖြစ်၏။ သူသိသွားတော့လဲ ၊ဘာအရေးလဲ?
နင်းယွီ မျက်ခွံတွေနည်းနည်း လေးလာပြီး ထုံးစံအတိုင်း ပိတ်လိုက်ကာ ဆိုဖာပေါ်မှာတမှေးအိပ်လိုက်မိသည်။
ပွင့်နေတဲ့ လေဟာပြင်တံခါးကိုဖြတ်လာသော လေညှင်းညှင်းလေးတွေက ပန်းနံ့၊ နေရောင်ခြည်တို့နဲ့တူ လိုက်ပါလာခဲ့ရာ မကြာခင်မှာပင် နင်းယွီ အိပ်ပျော်သွားသည်။
ESTÁS LEYENDO
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ