74 (Main Story End)

18.1K 1.2K 79
                                    



ကျွန်တော့်ဗိုက်မှာ နှစ်တွေအကြာကြီးထိမကျက်နိုင်တဲ့ ဒဏ်ရာဟောင်းတစ်ခုရှိခဲ့တယ်။ အခုတော့ အနာကျက်သွားရပါပြီ။

______________________________________

​မျှော်လင့်သလိုပဲ လော့ချင်ဟယ့်ဟာ ရှန်းတန်မြို့တော်ရဲ့ ကောင်စီအဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။

သတင်းမီဒီယာတွေက ထုတ်ပြန်ချက်များစွာ ပြုလုပ်ခဲ့ကြပြီး ယေဘုယျအားဖြင့် သူတို့ဟာ နိုင်ငံရေးကြယ်ပွင့်တစ်ဦးအလျောက် သူ့ရဲ့ အနာဂတ် စွမ်းဆောင်ချက်တွေကို ရှေးရှုမျှော်မှန်းနေခဲ့ကြသည် ။

ရလဒ်ထွက်လာတဲ့နေ့မှာပဲ စုန့်ရှောင်းက ရှန်းတန်ကနေ ထွက်သွားခဲ့သည်။ သူဘယ်သွားမယ်ဆိုတာ မပြောသွားပါဘဲ နင်းရှီးဆေးရုံကဆင်းလာရင် ပြန်လာမယ်လို့သာ ပြောသွားခဲ့​၏။ မသွားခင်၌ သူက စုန့်ပေါလောင်အတွက် စာတစ်စောင်ချန်ထားပေးခဲ့ပြီး သူထွက်သွားမှ ဖွင့်ဖတ်ပေးဖို့ တောင်းဆိုခဲ့သည်။

စာက သေချာပေါက် မရှည်ပါဘဲ အများဆုံးမှ ၁၀မိနစ်မျှယူ၍ ဖတ်နိုင်သည်ဖြစ်သော်လည်း စုန့်ပေါလောင်ကတော့တစ်နေ့ခင်းလုံး စာကြည့်ခန်းထဲမှာ ဝင်ပုန်းနေခဲ့လေသည်။

တချိူ့ကိစ္စတွေကို လူကိုယ်တိုင်ကိုယ်ကျမှ ရှင်းပြနိုင်သည်ဖြစ်သော်လည်း တချိူ့စကားတွေကမူ ကို့ရို့ကားယားနိုင်လွန်းတာကြောင့် ပြောမထွက်သော မေတ္တာတရားတို့ကို ဖော်ပြရန် စာရွက်ပေါ်မှာ ချိတ်ဆွဲ၍သာ ပို့ပေးနိုင်သည်ဖြစ်​၏။

စုန့်ရှောင်းက ဒီစာရေးဖို့အတွက် အများကြီး အာရုံစိုက်ထားရမှာဖြစ်ပြီး ထောင်နှင့်ချီသောစကားများကို ဒီစာစောင်ထဲမှာအတူတကွစုစည်းထားခဲ့ပေသည်။

စာပါအကြောင်းအရာကို နင်းယွီကလဲ မမေးသလို၊ စုန့်ပေါလောင်ကလဲ ဘာမှမပြောပြလာပေမယ့် သူ စာကြည့်ခန်းထဲကထွက်လာပြီးနောက်မှာတော့ တစ်စုံတစ်ရာကို သဘောပေါက်သွားရသလို မျက်ခုံးတွေပြေလျော့နေတယ်လို့ ထင်မိသည်။သူ တစ်စုံတစ်ရာကို လွှတ်ချပေးလိုက်သည့်နှယ်ပင်။

" ကိုယ်နောင်တ နည်းနည်းရတယ်..." စုန့်ပေါလောင်က နင်းယွီပါးပြင်တွေကို ပွတ်နေရင်း လည်ပင်းနားမှာ အသက်ရှုနေသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now