31

8.5K 1K 14
                                    

ကျောင်းမှာသင်ခဲ့ရသမျှက ဆရာ့ဆီပြန်သွားတာပဲ။ လျန်ချိုးယန်က ဒီနေ့ ကျွန်တော့်ကို သူ့ ပရိတ်သတ်တေါက စစ်ဆေးတဲ့ သင်္ချာမေးခွန်းတစ်ခု မေးလာတယ်၊ ကျွန်တော် ဖြေရှင်းဖို့ တစ်နာရီတောင်ကြာခဲ့တာ။ ဒါက ကိုဩဒိနိတ်ပေါ်ကအသည်းပုံစံဖြစ်သွားခဲ့တာပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နင်းယွီ အပြင်ထွက်သွားချိန် စုန့်ပေါလောင်က စာကြည့်ခန်းထဲမှာ တစ်စုံတစ်ယောက်နဲ့ စကားပြောနေသည်။

လွန်ခဲ့တဲ့ နှစ်ရက်က သူ အလွန်အကျွံသောက်ခဲ့တာကြောင့် သူ ထလာတဲ့အချိန်မှာ ခေါင်းကိုက်၍ အအေးမိကာ မအီမသာဖြစ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ အဆင်မပြေ။ ထို့ကြောင့် သူက ကုမ္ပဏီကိုမသွားတော့ဘဲ အိမ်မှာသာ အလုပ်လုပ်နေခဲ့​၏။ တွေ့ဆုံချင်သည့် လူတိုင်းအား တောင်ပေါ်ကို တိုက်ရိုက်ခေါ်ပြီး အစည်းအဝေးများအတွက်မူ ဗွီဒီယိုကောလ်တွေကိုအသုံးပြုလေသည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း မိသားစုမှလူတွေ ဝင်ထွက်နေကြပြီး ရံဖန်ရံခါ စာကြည့်ခန်းမှ ဆူငေါက်သံများကို ကြားနေရသည်။ ခြွင်းချက်ဟူသည် မရှိသော လူတိုင်း စိုးရိမ်ကြောင့်ကြသည့် ပုံစံများဖြင့် ဝင်သွားကြပြီး ပြန်ထွက်လာချိန်မှာ ခေါင်းငုံ့ထားကြသည်ချည်း။

" ကျုပ် ခင်ဗျားကို အခွင့်အရေးတွေအများကြီး ပေးပြီးပြီ။ ကျုပ်ရဲ့ စိတ်ရှည်မှုတွေကို ကျန်းရှစ်ခွမ်းက ကန့်သတ်ပစ်လိုက်တာပဲ။ ကျုပ်လိုအပ်တာတွေကို ခင်ဗျားမလုပ်နိုင်မှတော့ တခြားတစ်ယောက်ရှာရုံပေါ့။ ခင်ဗျား မနက်ဖြန် ကုမ္ပဏီကို သုံးလို့မရတော့ဘူး၊ထွက်သွားလိုက်တော့ "

နင်းယွီ တံခါးမှဖြတ်လာသော် စုန့်ပေါလောင်​၏ စကားတွေကို ကြားနေရသည်။ မိမိ ထွက်သွားရန် ပြင်ခိုက်မှာပဲ တံခါးကအရှေ့မှာပင် ပွင့်လာကာ မျက်တွင်းကျ၍ မသပ်မရပ်ဖြစ်နေသော သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက် ထွက်လာခဲ့သည်။ သူက လက်ထဲမှာ ဖိုင်တစ်ထပ်ကိုင်ထားပြီး အလျင်စလိုလျှောက်သွားကာ အတော်လေးရှက်နေပုံပင်။

နင်းယွီ သူ့ကို ကသုတ်ကပျာဖြင့်မြင်လိုက်ရသော်လည်း မှတ်မိပါ​၏။ အရင်တုန်း​က ရှရှန်းမှာ စုန့်ပေါလောင်ထံမှ ဆူပူခံရသောသူပင်။ လီရွှင်က သူဟာ လူကောင်းတစ်ယောက်ဖြစ်သော်လည်း ပရောဂျက်က မတိုးတက်သောကြောင့် သူ့စကားတွေက တစ်ဖက်လူအတွက် ဝမ်းနည်းစရာဖြစ်ခဲ့သည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now