Extra-4

8.8K 1K 25
                                    

Unicode



လတ်တလော သတင်းကြီးနှစ်ခုထွက်ပေါ်လာသည်။

တစ်ခုက ဂီတလောက​၏ အသက်အငယ်ဆုံးသီဆိုသူ လျန်ချိုးယန်က ယန်ဟဲ့ ဆေးရုံ ဆက်ခံသူ၊ ဆေးပညာနယ်ပယ်မှာအလားအလာရှိကောင်းသည့် ကြယ်ပွင့်တစ်ဦးဖြစ်သော လော့မုန့်ပိုင်နှင့်လက်ထပ်တော့မည် သတင်း။ နောက်တစ်ခုကတော့ ဂလင်းဖယ်ရှားသည့်ခွဲစိတ်မှူဟာ နောက်ဆုံးမှာ လက်တွေ့စမ်းသပ်ကဏ္ဍကို အောင်မြင်ပြီး ရှန်းတန်က ဂလင်းတွေကို တရားဝင်ဖယ်ရှားနိုင်သည့် ပထမဆုံးနေရာတစ်ခုဖြစ်လာခဲ့သည်။ လော့ချင်ဟယ့်ကမူ ဥပဒေကြမ်း စပြီး အသက်သွင်းသည့်နေ့၌ပင် သူ့ဂလင်းဖယ်ရှားသည့် ခွဲစိတ်မှုကို ပြီးမြောက်ခဲ့ပြီးဖြစ်လေသည်။

ထုံးစံအတိုင်း ဆန္ဒပြပွဲတွေကတော့ အများအပြားရှိနေဆဲ။ ရှေးရိုးစွဲဝါဒီကို လက်ကိုင်ထားသူ တော်တော်များများကစိတ်ချနိုင်သည့် ဒေတာတွေ ဖြစ်မြောက်ဖို့ရာ သုံးနှစ်လောက်လေ့လာရုံနှင့် မလုံလောက်ဟု ယုံကြည်ကြသည်။ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်သည့် ထိုကဲ့သို့ အရေးကြီးပါသည့် ခွဲစိတ်မှုကို လူထောင်ပေါင်းများစွာနဲ့ဆယ်နှစ်ကျော်လောက်ထိ လုပ်ဆောင်ဖို့လိုအပ်တယ်လေ။ နှစ်တွေအကြာကြီး၊ မဟုတ်ရင် ဆယ်စုနှစ်တစ်စုစာ ရေရှည်စမ်းသပ်မှုဖြစ်သင့်တာ။အကုန်လုံး ဘေးကင်းပါတယ်လို့ အာမမခံနိုင်ရင် ဒီ ဥပဒေကြမ်းကို တင်သွင်းတာမျိုး မလုပ်သင့်။ သူတို့က ဒီလိုတွေးကြသည်။

" C20က လူ့လောကကို လုံလုံလောက်လောက်ယူသွားပြီပဲ မဟုတ်လား။ အဲ့ဒါက ကမ္ဘာ့လူဦးရေ ဆယ်ပုံတစ်ပုံလောက်သတ်သွားပြီး တိရစ္ဆာန်တွေလို ကျုပ်တို့ကို မလွန်ဆန်နိုင်အောင်လုပ်ခဲ့တယ်လေ။ ထိရောက်တဲ့ ပြုပြောင်းလဲမှုတွေမရှိရင် ကျုပ်တို့က ထာဝရကျွန်တွေပဲ ဖြစ်နေလိမ့်မယ် "

လွှတ်တော်အပြင်ဘက် အပေါက်ဝတွင် သတင်းထောက် မေးတာကို လော့ချင်ဟယ့်က ပြန်လည်ဖြေကြားပေးခဲ့သည်။

​ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကြောင့် ဒီဆာဂျရီကို အရွယ်ရောက်ပြီးမှသာ မိမိ ဆန္ဒအလျောက် လုပ်နိုင်သည်ဖြစ်​၏။ အိမ်ထောင်ပြုထားသော ကာလဆိုလျှင် ၎င်းကို အကောင်အထည်မဖော်မှီ အိမ်ထောင်ရေးကို အရင်အဆုံးသတ်မှ ရနိုင်မည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Hikayelerin yaşadığı yer. Şimdi keşfedin