အခန်း-၁၀ ; အကယ်၍ Beta တစ်ယောက်က သူ ဘယ်တုန်းကမှ မမျှမတဆက်ဆံခံရတာတွေမကြုံဖူးဘူးလို့ပြောရင်၊သူက ဘုရားသခင်ရဲ့အချစ်တော်လေးပဲ ဖြစ်လောက်မယ် ။
___________________________
တတိယအကြိမ်မြောက် စုန့်ပေါလောင်နဲ့ဆုံရတာကတော့ မွန်းလွဲ နေဝင်ချိန်တစ်ခုမှာဖြစ်သည်။ထိုအချိန်က နင်းယွိရဲ့အခြေအနေကတော့ နည်းနည်းရှက်စရာကောင်းသည်ပင်။ နင်းယွိဟာ လူသူပြတ်တဲ့ ထောင့်ချိုးမှာ ပျင်းရိရိ AO အုပ်စုအဝိုင်းခံထားရရုံမက၊ သူတို့က Beta၊ Alphaနဲ့ Omega တွေရဲ့ ခြားနားချက်ကို ကိုယ်တိုင်ကိုယ်ကျ ကွဲကွဲပြားပြားသိအောင်နင်းယွိရဲ့ဘောင်းဘီကို ချွတ်ရန်ကြိုးစားနေကြတာဖြစ်၏။
ဇ်ီဝဓာတ်ခွဲခန်း၌ ABO သွေးအုပ်စု သုံးမျိုးနှင့် လိင်ခြောက်မျိူး၏ လူသားပုံစံတွေရှိသည်။ သူတို့ ဆိုဒ်ကြီးနှင့်မြင်လိုပါကသွားကြည့်လို့ရ၏။ နင်းယွိကို အဝတ်တွေချွတ်နေတာက တကယ် အကျိုးအကြောင်းမသင့်လှပါပေ။
နင်းယွိဟာ သေမယ့်အစား တတ်နိုင်သလောက် အစွမ်းကုန် တွန်းလှန်နေတာကြောင့် သူတို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်လာရ၏။ မည်သို့ဆိုစေ နင်းယွိက အားနည်းနေတာကြောင့် ဒဏ်ရာရနေသော မျက်နှာဖြင့် မြေပေါ်ကိုဖိချခံခံရသည်။
လက်၇ဖက်၊၈ဖက်လောက်ဟာ တပြိုင်နက်ထဲ အန္တရာယ်ပေးမည့် ဧရာမ ပင့်ကူကြီးတွေလို နင်းယွိကို စမ်းတဝါးဝါးနှင့်လှည့်ပတ်လာရာ ကျောထဲအထိ စိမ့်အေးလာရ၏။
နင်းယွိရဲ့ ရုန်းကန်မှုတွေက သူတို့အတွက်တော့ ပိုဖျောဖြေစရာဖြစ်နေကာ ကြိမ်းမောင်း၍ အသနားခံစေသည်။ အတိတ်တုန်းက အနိုင်ကျင့်ခံရလျှင် နင်းယွိဟာ တွေ့ကြုံရတာတွေဖြင့် အဆုံးသတ်လိုက်မိတော့သည်။အသံမထွက်ပဲ၊ မျက်လုံးကိုမှိတ်ထားပြီး မကြာခင်ပြီးသွားမှာ။
" မင်းတို့တွေ သိပ်ကိုဆူနေတာပဲ... "
ရုတ်တရက် နင်းယွိအဝတ်တွေကိုဆွဲနေတဲ့ လက်တွေအားလုံးရပ်သွားကြ၏။
နင်းယွိ မျက်လုံးဖွင့်ကြည့်မိသော် နင်းယွိခြေထောက်ကြားအကွာအဝေးမှ တစ်စုံတစ်ယောက်က နင်းယွိဆီကို လျှောက်လာနေသည်အား မြင်လိုက်ရသည်။ ထိုခြေထောက်တွေကို ကြည့်ရုံဖြင့်ပင် ထိုလူမည်မျှ အရပ်ရှည်ကြောင်း ခန့်မှန်းလို့ရသည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ