Extra-6

8.6K 1K 21
                                    


Unicode




" ဆရာ ဒီလိုလေးလား? "

နင်းယွီက ဘေးနားရှိ ကောင်လေးကမ်းပေးလာသည့် သံဇလုံလေးကို အချိန်ယူကြည့်လိုက်ပြီး " အမှုန့်နည်းနည်း ထပ်ထည့်လိုက်။ နည်းနည်းကျဲနေတယ် "

ကောင်လေးက နာခံသလို ခေါင်းညိတ်ပြကာ လှည့်ထွက်၍ အလုပ်ခန်းကိုသွားတော့သည်။

လူတွေဆိုတာက အမြဲတစေ အိုမင်းချည့်နှဲ့လာကြမှာပဲ။ နင်းယွီ ရွှီမေ့ရန်ကို လက်လွှတ်လာချင်ပါက အရင်တုန်းက ဆရာမိမိကိုသူ့တပည့်အဖြစ် လက်ခံသကဲ့သို့ နင်းယွီကလဲ လူငယ်လေးများကို တပည့်အဖြစ် လက်ခံမှရပေလိမ့်မည်။

ကျန်ရှန်းက နင်းယွီ တရားဝင် လက်ခံထားတဲ့ ပထမဆုံးသော အလုပ်သင်လေးဖြစ်ခဲ့သည်။ သူ့အသက်က ဒီနှစ် မှ ၁၆ဖြစ်ပြီး Beta တစ်ယောက်။ လက်ရှိမှာ သူက အချိန်ပိုင်းအလုပ်လုပ်၍ ကျောင်းတက်နေတာဖြစ်ပြီး အားလပ်ရက်တွေမှာသာအလုပ်လုပ်တာပင်။

သူက နည်းနည်းလေး လူတောမတိုးသူဖြစ်ကာ စကားလေးသိပ်မပြောတတ်၊ မိသားစုနောက်ခံကလဲ မကောင်းတာကြောင့်ဒီအခက်အခဲတွေကို သည်းခံကာ ကြိုးကြိုးစားစားနဲ့ရပ်တည်နေသဖြင့ သူကလဲ တော်တော်လေး သန်မာသူဖြစ်​၏။ ယခုဆိုလျှင် နင်းယွီ ဒီတပည့်လေးတစ်ယောက်ကြောင့် တော်တော် စိတ်ကျေနပ်နေရပေပြီ။

အလုပ်ခန်းမှ အတွင်းဖုန်းမြည်လာတာကြောင့် ကျန်ရှန်းက အပြေးသွားကောက်ကိုင်ကာ နှစ်ခါမျှဖြေပြီးမှ ကမန်းကတန်းနှင့် " ဆရာ... ရှရှန်းရဲ့ဒယ်လီဘာရီ အမှာရောက်လာပါတယ်။ ကိုယ်တိုင် ပို့ပေးချင်လား ? "

ရှရှန်းက ဒီနေရာနဲ့ သိပ်မဝေးလှ။ ဥက္ကဋ္ဌကတော်ဖြစ်သော မိမ်ိ​၏ စီးပွားရေးကို သူဂရုစိုက်၍ပေလား၊ ရွှီမေ့ရန်ကိတ်တွေက အမှန်တကယ် အရသာရှိ၍ပေလား အမြဲလိုလို ဒီမှာ အော်ဒါ အများအပြားမှာယူလေ့ရှိသည်။ အကယ်၍ ဆိုင်ကို ဤသို့တိုက်ရိုက်ခေါ်လာလျှင် လူကိုယ်တိုင်လာပို့ဖို့ တောင်းဆိုလာတာပင်။ စုန့်ပေါလောင်​၏ အော်ဒါမှလွဲ၍ တခြားမဖြစ်နိုင်​၏။

" ဥက္ကဋ္ဌစုန့်က ဒီနေ့ ဘာသုံးဆောင်ချင်တာတဲ့လဲ? "

နင်းယွီက စုန့်ပေါလောင်ကို နာမည်တပ်ခေါ်လိုက်သ ည်အား ကြားရသော မုန့်ဖုတ်ခန်းတစ်ခန်လုံးရှိလူတွေမှာ ပြိုင်တူ ရယ်လိုက်ကြသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now