နင်းရှီး မွေးပြီးတာနဲ့ သူ ရှန်းတန်က ထွက်သွားပြီး ၊ သူ့အရင်အလုပ်ကိုပြန်လုပ်တော့မယ်လို့ စုန့်ရှောင်းကပြောတယ်။ သူဓာတ်ပုံရိုက်ချင်တဲ့ အရာတွေတိုင်းကို ရိုက်ဖို့ ကမ္ဘာပတ်သွားမယ်တဲ့။ သူပျော်နေသရွေ့၊ ကျွန်တော်ကတော့ အားပေးရတာပေါ့။
___________________________________
ရှန်းတန်ရဲ့ အအေးဆုံးရာသီမှာ နင်းယွီရဲ့ကိုယ်ဝန်ကလဲ ၂၀ပတ်ထဲ ဝင်လာပြီဖြစ်သည်။ ဗိုက်အောက်ပိုင်းလေးက နည်းနည်းမို့တက်လာပြီး သန္ဓေသားလှုပ်ရှားတာကို ခံစားနိုင်နေပြီဖြစ်သည်။
နင်းယွီခန္ဓာကိုယ်က အသေးစိတ်အချက်အလက်တွေရပြီး c20အပြောင်းအလဲတွေကို သိနိုင်ရန် လော့မုန့်ပိုင်က နင်းယွီအတွက် amniocentesis(ရေမြွှာစစ်ဆေးမှု) လုပ်ပေးခဲ့သည်။ ၎င်းကိုမပြုလုပ်မီ သူမက ကလေးဟာ Alpha သို့မဟုတ်Omega ဖြစ်နိုင်ခြေ အရမ်းမြင့်မားနေပြီး Omega ဖြစ်လောက်တယ်လို့ပြောခဲ့ရာ ရလဒ်သည်လည်း သူမပြောသကဲ့သို့ ကွက်တိပါပင်။
ဒီအဖြေက သူမရဲ့ထင်ကြေးတချို့ကို ထောက်ကူပေးလိုက်ပုံရပြီး သူမက အရမ်း စိတ်လှုပ်ရှားသွားခဲ့၏။
ထို့အပြင် နင်းယွီအတွက် နည်းနည်း စိတ်ပူခဲ့ရသော မျိူးအောင်အိတ်ပြဿနာကလဲ အမှန်တကယ်ပင် မဆိုစလောက်အကူအညီရခဲ့ပြီး ပြဿနာအများကြီးမတတ်တော့ပေ။ လော့မုန့်ပိုင်၏ စကားတွေမှာ " အဲ့တာက ဘယ်တုန်းကမှ မသုံးခဲ့ဖူးသလို ဖောင်းပြီး ချောမွေ့နေတာ။ ဒီအတိုင်းလေး ဆက်သွားမယ်ဆို ၃၅ပတ်လောက်အနည်းဆုံး ခံနိုင်ပြီး အဲ့ဒီထက် ပိုကြာတာတောင်ဖြစ်နိုင်တယ်။ "
စုန့်ပေါလောင်က ကလေးရဲ့ လိင်အမျိုးအစားကို သိပြီးသောအခါ ကလေးအခန်းအတွက် စပြီးပြင်ဆင်တော့သည်။လိုက်ကာ၊ နံရံနဲ့ မီးအိမ်ပုံစံတွေကပင် သူ့အကြိုက် စတိုင်နှင့် ဘရန်းများဖြင့်ဖြစ်၏။
ထိုမျှမကသေး၊ နံရံပေါ်မှာ ခေတ်မီအနုပညာရှင်များ၏ ဆီဆေးပန်းချီတွေကိုလဲ ချိတ်ထားပြန်သည်။ တစ်ဖက်၌ နှစ်ချပ်၊ကျန်တစ်ဖက်၌ သုံးချပ်၊ မီးမောင်းတွေနှင့် ဝင်လိုက်တဲ့အခါ ဘယ်ပန်းချီပြခန်းထဲ ရောက်သွားသလဲပင် ထင်မိလိမ့်မည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ