42

9.3K 1.1K 11
                                    


ဒီနေ့ ကျွန်တော်လုပ်တဲ့ တစ်ခါဖုတ်ကိတ်မုန့်ကို သကြားနည်းလို့ဆိုပြီး ကွန်ပလိန်းတက်ခံရတယ်။ ဒါပေမယ့်လဲ အရသာကပုံမှန်နဲ့ မထူးခြားနားပါပဲ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ချင်းဖုန်းဘုရားကျောင်းကို နင်းယွီ ဒုတိယအကြိမ်ရောက်သွားတဲ့အခါမှာတော့ တံခါးက အရင်တစ်ခေါက်ကအတိုင်းပွင့်နေဆဲ။ သက်လတ်ပိုင်းအရွယ် တောက်ဘာသာဘုန်းကြီးက ခြံဝန်းထဲမှာ တံမြက်လှည်းနေ​၏။ နေရောင်ခြည်က သိပ်သည်းနေတဲ့ Ginkgoရွက်တွေကြားမှာ တစ်လွှာပေါ်တစ်လွှာထပ်၍ ကျဆင်းနေ၍ အပြာရောင် တောက်ဝတ်လုံကို အစက်အပျောက်များဖြင့် မှုန်ဝါးစေကာ အနည်းငယ်လည်း ဖုန်ထူနေခဲ့သည်။

" ဟေး,အလှူရှင်လေး၊ မင်းလာပြန်ပြီလား? ပြန်လှည့်လာပြီး ငါ့ကို ဗေဒင်မေးချင်လို့လား?"

တောက်ရှီက နင်းယွီကိုတွေ့လျှင် သူ့လက်ထဲမှ တံမြက်လှည်းခြင်းအမှုကို ရပ်လိုက်​၏။ ဝါးတံမြက်စည်းဖြင့် သူကနှုတ်ခမ်းမွေးကို ထိလိုက်ပြီး အနည်းငယ် ဒုံးဝေးသူတစ်ယောက်အလား ပြုံးပြလိုက်လျှင် ဖုန်မှုန့်တွေ တောင်ပျောက်ကုန်သည်။

နင်းယွီက လက်ထဲမှတစ်စုံတစ်ခုနဲ့ခြံဝန်းထဲ ဝင်သွားလိုက်ပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။

" ကျွန်တော် တောက်ရှီကို မေးချင်တာက ၊ ဒီမှာ အပူဇော်ခံ နာမည်ပြားလိုမျိူး ဝန်ဆောင်မှုတွေ ရှိလား ? "

" နာမည်ပြား? " တောက်ရှီ​က မျက်ခုံးပင့်သွားပြီး " မကောင်းမှုနဲ့ အတိတ်ဘဝဆိုတာက ဗုဒ္ဓဘာသာဘုရားကျောင်းတွေရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်လို့ တောက်ဘာသာမှာ အဲဒါမျိူးမရှိဘူး။ "

နင်းယွီ မျက်လွှာချလိုက်ပြီး " တဆိတ်လောက်ပါ " လို့ ပြောကာ လှည့်ထွက်ခဲ့လိုက်တော့သည်။

" ဒါပေမယ့်! " သူ​က ရုတ်တရက် အသံကျယ်လာပြီး " တောက်ချန်လုပ်လို့ရတယ်။ ကောင်းချီးအတွက် တောက်ချန်လုပ်လို့ရသလို သေလွန်တာကို အဖက်ဆယ်ဖို့ တောက်ချန်လုပ်လို့ရတယ်။ တကယ်တော့ အကျိူးက တူတူပါပဲ၊ အရမ်းလဲ ဈေးသက်သာတယ်။ ဝန်ဆောင်မှုအားလုံးပါတဲ့ တစ်ကြိမ်မှ ယွမ်သုံးထောင်ပဲ။ "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now