6

9.8K 1.1K 28
                                    

အခန်း၆ - ထပ်ခါတလဲလဲ သစ္စာဖောက်ခံရတယ်။ ဒါက ယုံလွယ်တာကြောင့်လား ဒါမှမဟုတ် Betaတစ်ယောက်ဖြစ်နေတာကြောင့်လား?

ーーーーーーーーーーーーーーーーーー

ဒီကမ္ဘာ၌ နင်းယွိကို ဂရုစိုက်တဲ့လူဆိုတာ လက်တစ်ဆုပ်စာလောက်ပဲရှိသည်။ဆရာကို အဲ့ဒီထဲကတစ်ယောက်အဖြစ်သတ်မှတ်လို့ရပေမယ့် ကံမကောင်းစွာနဲ့ နင်းယွိဘဝက မကောင်းတာကြောင့် သူနဲ့ အလုပ်သင်အဖြစ်၊ညွှန်ကြားပေးသည်ကို ငါးနှစ်မျှသာရရှိခဲ့သည်။

အခုမူ နင်းယွိလက်ထပ်တော့မယ့်အခါ ဘယ်ဆီဘယ်ဝယ်ကို တာလွှတ်ရမှန်းမသိတဲ့ ဖိတ်စာအနည်းအကျဉ်းမျှသာ လက်ထဲမှာရှိခဲ့သည်။ နင်းယွိစဉ်းစားပြီးသော် အာ့ကွော်ထို့* တစ်ပုလင်းကို သုသာန်ဆီ ယူသွားခဲ့​၏။

[ ပြောင်းနှံ ကဇော်ဖောက်ထားသည်မှ အရက်ချက်ထားသည့် တရုတ်အရက်ပြင်းမျိူးစုံ ]

နင်းယွိ မှတ်ဉာဏ်အရ ဆရာနဲ့ ဆရာကတော်တို့ရဲ့ ကမ္ပည်းတိုင်ကိုရှာဖွေလိုက်​​၏။ထို့နောက် ဆရာ ကမ္ပည်းတိုင်ရှေ့မှာ အာ့ကွော်သို့ကို ချပေးလိုက်ပြီး ကုတ်အိတ်ထောင်ထဲမှ မနေ့ကလုပ်ထားသောကွတ်ကီးထုပ်လေးကို ဆရာကတော်ရှေ့မှာ ချပေးလိုက်သည်။

ကွယ်လွန်ချိန်တုန်းက ဆရာကတော်ဟာ အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။

သူတို့နှစ်ယောက် တစ်သားတည်းပေါ်နေစေရန်အလို့ငှာ ဆရာက သူမသေခင်၌ အုတ်ဂူပေါ်ရှိ ဓာတ်ပုံဟာ သူအသက်၂၀မှာရိုက်ကူးထားတာဖြစ်သင့်ကြောင်း အထူးတလယ်ညွှန်ကြားခဲ့လေသည်။

ယင်းကတကယ်ကို လိုက်ဖက်လှပြီး လူငယ်စုံတွဲအလား။

ဆရာကွယ်လွန်စဉ်က ရှန်းဖျင်နဲ့ နင်းယွိက ပြင်သစ်ကိုရောက်နေကြတာဖြစ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရ​၏။တရုတ်ကို ပြန်လာခဲ့သော် ရှန်းဖျင်က နင်းယွိအား ဆရာ ဈာပနကို တက်ခွင့်ပေးရန် ငြင်းပယ်ခဲ့ပြီး မထိုက်တန်ဟု ပြောဆိုခဲ့သည်။ ဆရာ မြှုပ်သည့်အချိန်မှ နင်းယွိ အဝေးကနေ ကြည့်ခွင့်ရခဲ့ပြီး အားလုံးထွက်သွားကာမှ ဂါရဝပြုရန် အရှေ့တိုးခဲ့ရလေသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Tahanan ng mga kuwento. Tumuklas ngayon